ကလေးရဲ့လူကြီး(Part-29)

487 40 1
                                    

Unicode
_______

ဆယ်ဟွန်းနဲ့လုဟန် taoရဲ့ဆင့်ခေါ်မှုကြောင့် taoအိမ်သို့ရောက်လာခဲ့သည်။

နှစ်ယောက်သားကအပြစ်လုပ်ထားတော့..ခေါင်းပင်မော်မကြည့်ရဲကြ။

အရှေ့ကငြိမ်ကုတ်နေတဲ့နှစ်ယောက်ကိုကြည့်ကာ.သက်ပြင်းတစ်ချက်ချပြီးတော့Taoစကားစလိုက်သည်။

"ကဲ..မင်းတို့နှစ်ယောက်ဖြေရှင်းချက်ပေးဖို့မရှိဘူးလား"

တစ်ဖက်ကဘာသံမှမထွက်လာပဲခေါင်းတွေပဲငုံ့ကာနေကြတုန်း။

"မေးနေတယ်လေ.."

ဆယ်ဟွန်းကချက်ချင်းTaoရှေ့ဒူးထောက်ချလိုက်သည်။

"ကျွန်တော်တို့ကို.သဘောတူပေးပါ..ကျွန်တော်လုဟန်ကိုတင့်တောင်းတင့်တယ်ထားမှာပါ

"ငါသိတယ်..မင်းလုဟန်ကိုတင့်တောင်းတင့်တယ်ထားနိုင်တယ်ဆိုတာငါသိတယ်..ဒါပေမဲ့ပတ်ဝန်းကျင်ကစကားတွေကြောင့် လုလုစိတ်မညစ်ရပါဘူးလို့ပြောနိုင်လား"

ဆယ်ဟွန်းတစ်ခနတော့မဖြေနိုင်။

"ဟမ် ပြောနိုင်လားလို့"

"မပြောနိုင်ပါဘူး..ဒါပေမဲ့ ကျွန်တော်ပတ်ဝန်းကျင်ကိုလည်းဂရုမစိုက်ပါဘူး..အဲ့ဒီပတ်ဝန်းကျင်ကြောင့်
လုဟန်စိတ်ညစ်ရမယ်စိတ်ဆင်းရဲရမယ်ဆိုလည်း..ကျွန်တော်အချစ်တွေနဲ့..လုဟန်ကိုပျော်ရွှင်အောင်ထားမှာပါ။"

"ကောင်းပြီလေ  ငါစောင့်ကြည့်မယ်..လုလုမျက်ည်တစ်စက်ကျရင် မင်းငါနဲ့အတွေ့ပဲ"

"ဟုတ်ကဲ့..ကျွန်တော်တို့ကိုသဘောတူပေးလို့ကျေးဇူးတင်ပါတယ် noona."

"omma"

ဆိုပြီးလုဟန်taoကိုပြေးဖက်ပြီးငိုနေသည်။

"ရှောင်လု..ommaကသားကိုချစ်လို့ လက်ခံပေးလိုက်တာနော်..သားကလည်းဆယ်ဟွန်းအပေါ်အရမ်းမဆိုးနဲ့  သားဆိုးလို့သူအပြစ်ပြောရင်  ommaကသူ့ကိုဆူမှာနော်"

"ommaကလည်း..လုလုဆိုးတာ​လုလုကိုဆူရမှာလေ.ဘာလို့လူကြီးကိုဆူမှာလဲ"

"သားကိုစိတ်ချမ်းသာအောင်ထားမယ်လို့သူပြောတာလေ အဲ့တော့သူ့ကိုပဲommaကဆူမှာ"

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now