Unicode
________အထက်တန်းကျောင်းပြီးuniတက်ခါစတဲ့အချိန်မှာ..ဆယ်ဟွန်းရဲ့..မတုံ့မရဲနှင့် ဖွင့်ဟဝင်ခံလိုက်မှုကြောင့်..ဂျက်စီကာနှင့်ဆယ်ဟွန်း..ချစ်သူတွေဖြစ်လာခဲ့ကြသည်။
"ဟွန်း..ဂျက်စီကာတို့ဒီနေ့လျှောက်လည်ကြရအောင်"
"အတန်းမတက်တော့ဘူးလား.."
"မတက်ချင်ဘူး.ပျင်းတယ်..နော်..သွားရအောင်နော်.."
"ဟုတ်ပါပြီ..ကိုယ့်အသဲလေး.သဘောဆန္ဒအတိုင်းပါပဲ"
.
.
.
"ဟွန်း..""ဗျ."
"ဗိုက်ဆာတယ်.."
"ဗိုက်ဆာလို့?..ဘာစားချင်လို့လဲပြော"
"တစ်ုခုခုပေါ့.."
"ဟိုနားမှာ..တော့ပိုကီဆိုင်ရှိတယ်."
"ဟာ..အဲ့လိုလမ်းဘေးအစားအစာတွေမစားချင်ပါဘူးဆိုကွာ"
ဆယ်ဟွန်းလည်းသူ့ချစ်သူအကြောင်းကိုသိသည်မို့..ဆက်မပြောတော့ပဲ..ဆိုင်ကောင်းတစ်ခုကိုသာမောင်းလာခဲ့သည်။
ဆိုင်ထဲရောက်တော့..နှစ်ယောက်ပဲစားမည်ကို မှာနေလိုက်တာ..မသိရင်..ဆယ်ယောက်လောက်စားမည်ဟုထင်ရသည်။
"အချစ်ကလည်းကွာ..အဲ့လောက်အများကြီးမှာပြီးကုန်မှာတဲ့လား..ကိုလညအများကြီးစားမှာမှမဟုတ်တာ"
"သူပဲစားချင်တာမှာဆို..စားချင်တဲ့ဟာတွေမှာထားတာပဲကို"
"မကုန်တော့နှမြောစရာကြီးလေကွာ"
"တွေ့လား..ဒါလေးကိုတောင်မကျွေးချင်ဘူး...ဟွန့်..ငါ့အကြောင်းနင်သိပါတယ် ငါကကပ်စီးနဲတာကိုမကြိုက်ဘူးဆိုတာ"
ဂျက်စီကာရဲ့စိတ်ဆိုးပြီဆိုရင်..ကိုတွေအချစ်တွေမဟုတ်တော့ပဲ..နင်နဲ့ငါနဲ့တွေဖြစ်သွားတော့.တာပဲ..တခြားကိစ္စတွေမှာ..စိတ်မတိုစိတ်မဆိုးတတ်ပေမဲ့..ကပ်စီးနဲ့တဲ့ကိစ္စနဲ့တော့အမြဲစိတ်ကောက်တတ်တယ်.
appaနဲ့ommaနဲ့ကပြောဖူးတယ်..ကိုယ်ကသူဋ္ဌေးသာဆိုပေမဲ့..သူ့စည်းကမ်းလေးနဲ့သူ..သုံးစွဲတတ်ရမယ်တဲ့အဲ့ဒါမှ ပင်ပင်ပန်းပန်းရှာခဲ့ရတဲ့ ဥစ္စကမြဲမှာတဲ့.အခုချိန်မှာ.မိဘဆီကလက်ဖြန့်တောင်းလို့ရပေမဲ့..မိဘတွေမရှိတော့တဲ့အချိန်..ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အချိန်.ကျရင်.အဲဒီတန်ဖိုးတွေနားလည်လာလိမ့်မယ်တဲ့

YOU ARE READING
ကလေးရဲ့လူကြီး။ (Complete)
FanfictionOh sehun:::ဘယ်သူ့ကိုမှ..ထပ်ချစ်လို့ မဖြစ်ဘူး..ဘယ်သူ့ကိုမှလည်းထပ်ပြီးချစ်လာမှာမဟုတ်ဘူး Xiao Luhan:::ခင်ဗျားက ကျွန်တော့် အတွက်ပဲလူကြီး..ခင်ဗျားရှောင်ပြေးလို့ရမယ်မထင်နဲ့. #HunHan #fanfic Thanks to all the readers. Author..Nun Hnin