ကလေးရဲ့လူကြီး(Part-14)

507 54 1
                                    

Unicode
_______

ဒီနေ့ကလုဟန်တို့စာမေးပွဲဖြေရတဲ့နေ့...။
ထို့ကြောင့်..လုဟန်ကသူ့ရဲ့အားဆေးဖြစ်တဲ့..အိုဆယ်ဟွန်းဆိုသည့်လူကြီးဆီကို..ကျောင်းမသွားခင်..ဖြေနိုင်အောင်လို့..ဆိုပြီးထွက်သွားလေသည်။

"လူကြီး..ဘာလုပ်နေတာလဲ"

​ပမ်းပင်ရေလောင်းနေတာမြင်ရဲ့သားနဲ့မေးနေတာ..ဒီကလေး..ငါထုလိုက်ရ။

"မမြင်ဘူးလား"

လက်ထဲမှာကိုင်ထားတဲ့ရေပိုက်ကိုထောင်ကာပြလိုက်သည်။

"တွေ့ပါတယ်..လူကြီးရဲ့...ဟီး..လူကြီး..လုလုဒီနေ့စာမေးပွဲဖြေရမှာသိလား"

"အဲ့ဒီတော့.."

"လုလုကိုဖြေနိုင်အောင်ဆုတောင်းပေးအုံးလေ"

"ရှုပ်ရှုပ်ရှက်ရှက်"

"လုပ်ပါနော်..နော်လို့.."

"စာမလုပ်ပဲဆုတောင်းပေးရုံနဲ့အောင်မလား"

"အဲ့လိုတော့ဘယ်ဟုတ်မလဲ..လူကြီးရဲ့..လူကြီးဆုတောင်းပေးတော့..လုလုကအားရှိပြီး..စာတွေကောင်းကောင်းဖြေနိုင်မှာလေ"

ဆယ်ဟွန်းအနည်းငယ်တော့ကျေနပ်သွားသည်။

"ဘားမှမဆိုင်ဘူး..သွားတော့..ကျောင်းနောက်ကျတော့မယ်"

လုဟန်မျက်နှာငယ်လေးနှင့်..ခေါင်းလေးငုံ့ကာထွက်သွသည်။အကွာအဝေးအနည်းငယ်အရောက်တွင်.

"နေအုံး"

ဆယ်ဟွန်းရဲ့ခေါ်သံကြောင့်လုဟန်အနောက်လှည့်ကြည့်လာသည်။ဆယ်ဟွန်းလည်း..လုဟန်ဆီလျှောက်သွားပြီး..လုဟန်ခေါင်းလေးကိုလက်ကလေးနှင့်ဖွဖွလေးပုတ်ကာ..

"ဖြေနိုင်ပါစေ.."

ထိုအခါမှ လုဟန်ရဲ့မျက်နှာက.ချိုချဥ်ရတဲ့ကလေးတစ်ယောက်ကဲ့သို့ပြုံးရွှင်းလာတယ်။

"လူကြီး..ကျွန်တော့်ကို..စာမေးပွဲနောက်ဆုံးနေ့.လာကြိုမယ်လို့ကတိပေးထားတယ်နော်...ကျွန်တော်လူကြီးကိုပြောစရာရှိတယ်...တာ့တာ..သွားပြီနော်"

အဲ့ဒီကောင်လေးကတော့..သူနဲ့တွေ့ရင်ဒီကအကောင်ကြီးက..ဘယ်လိုနေလို့နေရမှန်းမသိပါဘူးဆို..သွားခါနီးfly kissတောင်ပေးသွားလိုက်သေးတယ်
.
.
.
လုဟန်ကျောင်းရောက်တော့..ချန်းညောလ်နဲ့အတူ
ဘတ်ဟျွန်းကိုတွေ့လိုက်ရတော့..ဝမ်းသားသွားသည်။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now