ကလေးရဲ့လူကြီး(Part-16)

495 43 0
                                    

Unicode
_______

ဘတ်ဟျွန်းအတွက်နေ့တိုင်းကစိတ်ညစ်စရာတွေကြီးပဲ..အိမ်မှာနေချင်စိတ်တွေတောင်ပျောက်လာတာကြောင့်..ချန်းညောလ်ဆီကိုဖုန်းဆက်လိုက်သည်။

"ချန်းညောလ် မင်းဒီနေ့အားလား"

"အေး..အားတယ်..ဘာလုပ်မလို့လဲ"

"ငါတို့အပြင်သွားရအောင်ကွာ.."

"အပြင်..မင်းကဘယ်ကိုသွားချင်လို့လဲ"

"တစ်နေရာရာပေါ့ကွာ.."

"အေးပါ...ငါလာခေါ်မယ်..မင်းစောင့်နေနော်..အေးအေးဒါပဲ"

လေးဆယ့်ငါးမိနစ်လောက်နေတော့..ချန်းညောလ်ရောက်လာသည်။

"ဘတ်ဟျွန်း..မင်းသွားမယ့်တစ်နေရာရာကဘယ်လဲ"

"ငါစိတ်ညစ်နေလို့ကွာ..စိတ်ပြေမယ့်တစ်နေရာ"

ချန်းညောလ်ခနစဥ်းစားနေပြီး.နောက်တော့.အကြံရသွားပုံရကာ..လက်ဖျောက်တီးကာ.ကားစက်နှိုးလိုက်သည်။

"ဘယ်ကိုသွားမှာလဲ"

"လိုက်ခဲ့..ဟိုရောက်ရင်သိလိမ့်မယ်"

ဘတ်ဟျွန်းဘာစကားမှမပြောပဲငြိမ်ငြိမ်လေး..လိုက်လာခဲလိုက်သည်။

ချန်းညောလ်ပြောသည့်တစ်နေရာရာကိုရောက်တော့..ဘတ်ဟျွန်းစိတ်ပျက်စွာရပ်နေမိသည်။

သူတို့ရောက်နေသည့်နေရာကတော့..ကစားကွင်း။

"ဘတ်ဟျွန်း..ဘယ်လိုလဲ..အဆင်ပြေလား"

"ချန်းညောလ်မင်းပြောတဲ့ဟိုနေရာက ဒီနေရာလား"

"အေးလေ..မကောင်းဘူးလား..မင်းဒီထဲမှာဆော့စရာတွေအများကြီးပဲလေ..လာလာ..ပင်လယ်ဓားပြသွားဆီးမယ်လာ"

လက်ကိုအတင်းဆွဲခေါ်သွားတာကြောင့်ဘတ်ဟျွန်းခမျာယက်ကန်ယက်ကန်နဲ့ပါသွားရရှာသည်။

ပင်လယ်ဓားပြစီးပြီးဆင်းလာတော့..ဘတ်ဟျွန်းမှာယဲ့ယဲ့လေးပဲရှိတော့သည်။ကြောက်၍မဟုတ်ပဲ..မစီးချင်ပဲစီးလိုက်ရတာကြောင့်..စိတ်ညစ်ပါတယ်ဆို..စိတ်ကပိုတောင်ကျဆင်းလာသေးသည်။

အရပ်သုံးပါးနားမလည်သောချန်းညောလ်က..
ရိုလာကိုစတာစီးရန်တစ်ခါဆွဲခေါ်သွားပြန်ရော။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now