ကလေးရဲ့လူကြီး(Part-19)

502 47 1
                                    

Unicode
________

ဆေးရုံရောက်တော့..ဘတ်ဟျွန်းရဲ့ကုတင်ဘေးမှာ..ဘတ်ဟျွန်းရဲအမေကငိုနေတော့..လုဟန်လည်း
ဘတ်ဟျွန်းတစ်ခုခုဖြစ်တယ်ထင်ပြီး..

"ဘတ်ဟျွန်း..ဘတ်ဟျွန်း ဘယ်လိုဖြစ်တာလဲကွာ..မင်းငါ့ကိုထားခဲ့ပြီလား..ငါ့ကိုထားခဲ့ရင်တောင်
ချန်းညောလ်ကိုမထားခဲ့သင့်ဘူး..အဲ့ကောင်
ချန်းညောလ်ကမင်းကိုချစ်နေတာလေ..မင်းကိုဖွင့်မပြောလိုက်ရသေးပဲနဲ့..မင်းဒီလိုထွက်သွားတော့..ချန်းညောလ်ရင်ကွဲမှာပေါ့ကွ..ငါအချစ်ဆုံးသူငယ်ချင်းကြီးမရှိတော့.ငါလည်းဘယ်လိုလုပ်ရမှာလဲကွ.."

ဘတ်ဟျွန်းမျက်နှာကိုမော့မကြည့်ပဲ..ဘတ်ဟျွန်းလက်ကိုကိုင်ကာ..အားရပါးရပြောပြီးငိုနေသည်။နှာချေးတွေကလည်းထွက်လို့.ဘေးကတစ်ရှူးကိုယူကာ..သုတ်လိုက်ငိုလိုက်နှင့်အလုပ်ရှာနေရှာသည်။

"တော်ပါတော့..နားညီးလို့ပါ"

ဒီစကားကတော့..လုဟန်ပါးစပ်ထဲကထွက်လာတာမဟုတ်ပဲ..ဆေးရုံကုတင်ပေါ်မှာလှဲနေတဲ့ဘတ်ဟျွန်းဆီမှထွက်လာတဲ့စကားဖြစ်သည်။

သူမျက်နှာအပ်ကာ..ငိုနေတဲ့ခန္ဓာကိုယ်ပိုင်ရှင်ဆီမှအသံထွက်လာသောကြောင်​့..ကြောင်တောင်တောင်လေးနှင့်မော့ကြည့်လာသည်။

"အမ်..ဘတ်ဟျွန်း..ရွှတ်..မင်း..မင်း.ဘားမှမဖြစ်ဖူးပေါ့"

"ဘာလို့ဖြစ်ရမှာလဲ..ဘုမသိဘမသိနဲ့လာငိုနေတယ်"

"မသိဘူးလေကွာ..မင်းဘေးမှာငိုနေတော့..ငါကမင်းတစ်ခုခုများဖြစ်သွားသလားလို့."

"မဟုတ်ပါဘူးကွာ..ommaကဝမ်းနည်းပြီးငိုနေတာ..ငါလည်းရက်လည်ပြီးပြီဆိုတော့.စိတ်လျော့လိုက်တာ..ပထမရက်တွေတုန်းကလည်း..ကောင်းကောင်းမှမအိပ်ရတာ"

ဟုတ်ပါသည်လေ..ယောကျာ်းကဆုံး..သားကဆေးရုံတက်ရတာနဲ့ကတစ်ဆက်ထဲဖြစ်သွားတာဆိုတော့...အန်တီလည်း.စိတ်ပင်ပန်းနေမှာပဲလေ

"​အေးပါ..အန်တီလည်းနေကောင်းတယ်မလား"

"ကောင်းပါတယ်..လုလုလေးရယ်..အန်တီဘဝကလည်းဆိုးပါတယ်.."

"မငိုပါနဲ့အန်တီရယ်..သားတို့ရှိပါတယ်..လုလုတို့
အန်တီကိုရောဘတ်ဟျွန်းကိုရောစောင့်ရှောင့်မှာပါ"

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now