Unicode
_______"ဂျုံအင်ရ..ဒီနေ့ ရှယ်ယာရှင်တွေနဲ့အစည်းအဝေးရှိတယ်မလား"
"ဟုတ်ကဲ့ boss..နေ့လည်နှစ်နာရီ စမှာပါ "
"Imm...ပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်နော်"
"ဟုတ်ကဲ့..boss"
ဒေါက်..ဒေါက်..ဒေါက်
"ဝင်ခဲ့."
တံခါးလေးကဖြေးဖြေးလေးပွင့်သွားပြီး..တစ်စုံတစ်ယောက်က ခေါင်းလေးသာတိုးဝင်ပြီး..ဆယ်ဟွန်းကိုပြုံးပြလိုက်သည်။
"ကလေး"
"ဟီးဟီး"
ဆယ်ဟွန်းလည်း တံခါးဝမှာ ခေါင်းလေးပေါ်ရုံသာဝင်ပြီး သူ့အားပြုံးပြနေသော အကောင်ပေါက်ဆီကို.သွားလိုက်သည်။
"ကလေး..ဘာလာလုပ်တာလဲ"
"လူကြီးဆီလာတာပေါ့လို့..မလာရဘူးလား"
"မဟုတ်ပါဘူး..ကလေးရယ်..ကိုယ်ကအံ့သြသွားတာ."
"လူကြီးအံ့သြသွားအောင်လည်းလုလုကလုပ်တာလေ..."
"ဟုတ်ပါပြီ..လာ."
လုဟန်လက်ကိုဆွဲကာ ဆိုဖာပေါ်ထိုင်ခိုင်းလိုက်သည်။
"ဒါနဲ့..သူကဘယ်သူလဲ လူကြီး"
သူတို့နှစ်ယောက်ရှေ့မှာ..တောင်တောင့်ကြီးရပ်နေ
သည့်.ဂျုံအင်ကိုမေးလိုက်သည်။"အော် သူ့နာမည်ကကင်ဂျုံအင်တဲ့..ကိုယ့်ရဲ့အတွင်းရေးမှူးလေ.."
"ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်..ကျွန်တော့်နာမည်ရှောင်လုဟန်ပါ"
"ဟုတ်ကဲ့ ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်...ဒါဆိုကျွန်တော်ကိုသွားခွင့်ပြုပါအုံး"
"ဟုတ်ကဲ့"
ဂျုံအင်လည်း ဆယ်ဟွန်းကိုအရိုအသေပေးကာ..ထွက်သွားသည်။
"ကလေးအပြင်သွားချင်လို့..ကိုယ့်ကိုလာခေါ်တာလား"
"ဟုတ်ဘူးလို့..လူကြီးအလုပ်လုပ်နေတာကိုလာကြည့်တာ..လုလုရဲ့လူကြီးဘယ်လောက်ချောမောလည်းဆိုတာ"
"ဟားဟား..ကိုယ်ကအမြဲချောမောနေတာနော်..အချိန်ပြည့်ကိုမိုက်နေတာ"

YOU ARE READING
ကလေးရဲ့လူကြီး။ (Complete)
FanfictionOh sehun:::ဘယ်သူ့ကိုမှ..ထပ်ချစ်လို့ မဖြစ်ဘူး..ဘယ်သူ့ကိုမှလည်းထပ်ပြီးချစ်လာမှာမဟုတ်ဘူး Xiao Luhan:::ခင်ဗျားက ကျွန်တော့် အတွက်ပဲလူကြီး..ခင်ဗျားရှောင်ပြေးလို့ရမယ်မထင်နဲ့. #HunHan #fanfic Thanks to all the readers. Author..Nun Hnin