Unicode
_________ဒီနေ့လည်း ကျောင်းပိတ်ရက်ဖြစ်သေးတာ
ကြောင့် လုဟန်ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသည်။တစ်နေကုန်ထိုင်လိုက်ထလိုက်..စားလိုက်အိပ်လိုက်..တီဗီကြည့်လိုက်နှင့်..သာလုံးလည်ချာလည်လိုက်နေသည်။စာလုပ်ဆိုတော့လည်း စာကလည်းမလုပ်ချင်ပါ။
ကျောင်းဖွင့်ရက်ဆိုရင်တော်သေး။မနက်ပိုင်းကျောင်းသွားပြီး ညနေမှအိမ်ပြန်လာ..ပြီးရင်စာလုပ်..တီဗီလေးခနတစ်ဖြုတ်ကြည့်ပြီး အိပ်ယာထဲဝင်ရတာဆိုတော့..အချိန်ကုန်လို့ကုန်မှန်းမသိ။
"ပျင်းလိုက်တာကွာ ဘာလုပ်ရမလဲမသိဘူး"
"ပျင်းရင် ခြံထဲကမြက်ပင်တွေသွားနှုတ်ချည်"
"အာ..ommaကလည်း..ပျင်းပါတယ်ဆို"
"လုလုပျင်းတယ်ဆိုလို့ ommaကလုပ်ခိုင်းတာလေ"
"ဟုတ်ဘူးလေ ommaရဲ့ လုလုပျင်းတာအာ့လိူမျိုးမဟုတ်"
"အာ့တာဆိုဘယ်လိုပျင်းတာလဲ"
ဆိုဖာပေါ်မှာ သတင်းစာဖတ်ရင် ommaနှိတ်ပေးတာခံနေသော appa krisကမေးလိုက်သည်။
"မသိဘူး appaရာ ပျင်းတော့ပျင်းတယ်..ဒါပေမဲ့တစ်ခုခုလုပ်ဆိုလည်း မလုပ်ချင်ဘူး..
"မင်းဟာကလည်း ဘာလိုကြီးလဲကွာ"
"မသိပါဘူးဆို appaကလည်း..ပျင်းရမှာတောင်ပျင်းလာပြီ"
"ဟမ်"
"အာ့တာဆိုလည်း သားသူငယ်ချင်းဆီသွားလေ"
"ဘယ်သူဆီလဲ ဘတ်ဟျွန်းဆီလား မသွားချင်ပါဘူး..ပျင်းတယ်"
"အာ့တာဆိုလည်း ကိုယ့်ဟာကိုယ်ပဲကိုင်နေလိုက်တော့"
Krisကစိတ်မရှည်သလိုနဲ့ထပြောသည်။
"ရှင်ဘယ်လိုပြောနေတာလဲ..ကလေးကို"
"ဟုတ်တယ်လေ..မင်း သားကလာရစ်နေတာ
ဟိုဟာလည်းပျင်းဒီဟာလည်းပျင်း...ပျင်းရမှာတောင်ပျင်းနေတယ်တဲ့..ငါ့နှယ် ကြားတောင်မကြားဖူးဘူး""ဟာ...သိပြီ"
luhanတစ်ခုခုကိုသတိရသွားတာကြောင့်ထအော်လိုက်တော့.krisနဲ့taoတောင်လန့်သွားသည်။

YOU ARE READING
ကလေးရဲ့လူကြီး။ (Complete)
FanfictionOh sehun:::ဘယ်သူ့ကိုမှ..ထပ်ချစ်လို့ မဖြစ်ဘူး..ဘယ်သူ့ကိုမှလည်းထပ်ပြီးချစ်လာမှာမဟုတ်ဘူး Xiao Luhan:::ခင်ဗျားက ကျွန်တော့် အတွက်ပဲလူကြီး..ခင်ဗျားရှောင်ပြေးလို့ရမယ်မထင်နဲ့. #HunHan #fanfic Thanks to all the readers. Author..Nun Hnin