သူစိမ်း(part-1)[Zawgyi & Unicode]

42.9K 617 11
                                    

(Unicode)

နေ၀င်ညနေဆောင်းကောင်းကင်တစ်ခုအောက် ကားပြတင်းပေါက်‌မှန်လေးကိုချထားကာမီးရောင်တွေစုံလင်နေတဲ့အဆောက်အဦးတွေကြားဖြတ်သွားရင်း ကားထဲတိုး၀င်လာသော လေညှင်းလေးများကိုထိတွေ့စီးမြော‌နေမိသည် အမောတွေကိုဖြေဖျောက်မိတယ် ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့ဆိုတော့ ပင်ပန်းထားသမျှလျော့ချမိသည် အခုဆိုတတိယနှစ်တောင်ဖြေပြီးပြီ နောက်နှစ်တစ်နှစ်ပြီးရင်ကျောင်းပြီးပြီဘဲ ကိုယ့်အတွေးနဲ့ကိုသက်ပြင်းချင်လိုက်မိသည်

"ဟဲ့ ဘာတွေသက်ပြင်းချနေတာလဲ"
ဪကားမောင်းနေရင်းကိုအာရုံကိုငါ့ဘက်ထားနေသေးတယ်တော်ပါပေတယ်ငါ့မောင်ရယ်

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းဘဲ နင်ကလေငါ့မောင်သာဆိုပေမယ့် အစ်ကိုအရမ်းလုပ်ချင်‌တာဘဲနော်"
သူရဦးဆိုသည့်သူသည်ကိုယ်ထက်နှစ်နှစ်သာငယ်‌သောကြောင့်မောင်ဆိုလည်းဟုတ်သလိုသူငယ်ချင်းဆိုလည်းဟုတ်သည် ကိုယ့်ထက်အရပ်မောင်းကော body ကောကထွားနေသောကြောင့် ကိုယ့်အစ်ကိုလို့သာထင်ကြသည်ကများသည် သူရကလည်း သူ့ကိုအကြီးလို့ထင်ရင်ကိုပျော်နေတတ်သည်
ငယ်ငယ်တုန်းကသေးကွေးနေတဲ့သူ့bodyကခုကြ ယောင်္ကျားတစ်ယောက်လိုကိုသန်မာနေပြီ....

"ဪ liam ရယ်ငါ့မှာနင်ဘဲရှိတာကို"

တကယ်ပါသူရဦးဆိုသည်မှာ body နဲ့မလိုက်အောင်မိသားစုပေါ်ချွဲလွန်းသည် မာမီနဲ့ကိုယ့်အပေါ်ဆိုရမှန်းသိလို့ ပိုချွဲသည် ဒယ်ဒီကတော့သူ့သားငယ်ထက်ကိုယ့်ကိုပိုချစ်သည်မှာမေးစရာမလို အဲ့တာကိုဘဲသူ့မှာအတင်းတွေလိုက်ဖြတ်ကာ၀င်ချွဲနေသည်

"ကဲကိုချွဲလေးပြော နင်ငါ့ကို liam လို့ခေါ်ထဲကပြောစရာရှိလို့မလား"

"ပြောလို့ရပါ့မလား"

"အမယ်အပိုတွေပြောစမ်းပါ ခဏနေအုန်းကားကိုအရင်လမ်းဘဲထိုးရပ်လိုက် ပြီးမှပြော"

"yes sir "

ပြုံးဖြီးဖြီးနှင့်လုပ်နေသည့်သူ့ကို အလိုမလိုက်ဘဲမနေနိုင်ပေါင် မတည့်ဘူးဆိုပေမယ့် ကိုယ့်မှာဒီမောင်လေးတစ်ယောက်ဘဲရှိတာလေ

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now