သူစိမ်း(part-18)[Zawgyi&Unicode]

9.4K 329 6
                                    

Unicode

Liam အကိုနဲ့စကားသိပ်မပြောဖြစ်သည်မှာ နှစ်ရက်လောက်ရှိပြီ ဟိုနေ့ အကိုနဲ့ မဒီကိုတွေ့ပြီးထဲကဖြစ်သည် မေးထူးခေါ်ပြောလောက်သာလုပ်ဖြစ်ကြသည် အကို့ကို အဲ့နေ့ကအကြောင်း liam မေးလိုက်လို့ဖြေတာထက် အကိုက liam ရယ် 'ကိုယ် မဒီနဲ့တွေ့ခဲ့တယ် ဘာလုပ်တယ် ဘာညာ'လို့ ပြောလာတာမျိုးလိုချင်မိသည်......
သို့သော်လည်းအကို့ဘက်က ပြောဖို့နေနေသာ အရိပ်အမွလေးတောင်ပြမလာပါ...တွေးမိတိုင်း ဒေါသတို့ဖြစ်လာပေမယ့် အကို့ကိုချစ်တဲ့စိတ်တို့က liam အားတစ်ဖက်ကတွေးစေပြန်သည် liam တောင်အကိုသ၀န်တိုတဲ့ ဘုန်းသိုက်နဲ့သွားလာသေးတာဘဲ အကိုကကော သွားလာလို့မရဘူးလား .....liam ဘယ်လိုဘဲတွေးတွေး အဖြေတစ်ခုသာပေါ်လာသည်..... liam ဒီအခြေ‌အနေကြီးကိုမကြိုက်ဘူးဆိုတာဘဲ ပင်ပန်းသည် ဒီရက်ပိုင်းအတွင်း ခြေကုန်လက်ပမ်းကျနေသလိုကိုဖြစ်နေသည်......

*Ring Ring*

"Hello liam လား ထမင်းစားပြီးပြီလား"

"အင်း အကိုပြီးပြီ"

"အကို ပြောစရာရှိလို့"

"အင်း ပြောလေ အကို...."

"အကို ဒီနေ့ညပြန်လာချင်မှပြန်လာမယ်လို့ အလုပ်က မပြတ်သေးလို့ Company မှာဘဲ အိပ်ရင် အိပ်ရမှာ"

"ဟုတ်လား ပင်ပန်းနေအုန်းမယ်"

"အကို အဆင်ပြေတယ်... liam သာဂရုစိုက်အိပ်နော် တံခါးတွေဘာတွေလည်း သေချာပိတ်"

"အင်းပါ..."

"တစ်ခုခုဖြစ်ရင် အကို့ကိုဖုန်းလှမ်းဆက်နော်"

"အင်း အင်း"
Liam အသံကအရင်လိုမချိုဘဲနွမ်းနေတယ် ဘာတွေဖြစ်မှန်းမသိပါ ရှိန်းလည်းသက်ပြင်းတို့သာ ချနေမိသည် အခုတလောရှိန်းသူမအပေါ် တာ၀န်မကျေသလိုခံစားနေရတယ် မဖြစ်မနေ သူမ သိရမယ့် case တစ်ခုရှိနေပေမယ့် ရှိန်းကတိပေးထားတာကြောင့် liam ကိုဖုံးကွယ်ထားရသည် liam ရိပ်မိမယ်တော့မထင်ပါသူမအခုတလော ဘုန်းသိုက်နှင့်ပျော်နေသည်မလား....

ညနေပိုင်းကျလုပ်စရာလည်းသိပ်မရှိတာကြောင့် liam ပျင်းလာရသည် အမှန်ဆိုဒီအချိန်က အကိုပြန်လာနေကျအချိန်လေ အိမ်ပြန်လာမယ့်အကို့ကို မျှော်နေရတာ ပင်ပန်းပေမယ့် အကိုများပြန်လာမလားလို့သတိထားမိနေတုန်း အကိုမရှိတဲ့ညနေခင်းလေးတောင် ဒီလောက်ဖြစ်နေရင် အကိုပြန်မလာမယ့် ဒီညက liam ကိုကောင်းကောင်းကြီးခြိမ်းခြောက်နိုင်ပေလိမ့်မည်.....

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now