သူစိမ်း(part-8)[Zawgyi&Unicode]

10.8K 457 0
                                    

(Unicode)

ဟိုကောင်ကိုခန့်တို့ရဲ့ ညှောင့်ချက်ကြောင့် ရှိန်း fbမှာ မေပိုးဦးကို သွားအပ်လိုက်ရသည် ဟိုကတော့လက်မခံသေး မတွေ့‌သေး တာလည်းဖြစ်မှာပါဒီနေ့အစည်းအဝေးရှိတော့လူကပိုပင်ပန်းသည် သူဠေးသားဆိုပြီး ဇိမ်နဲ့နေရမယ်မထင်နဲ့ သူများထက်နှစ်ဆလောက်လုပ်ရတယ် အခုတော့အလုပ်ဆင်းချိန်တောင်ရောက်ပြီ အရင်နေ့တွေလိုဘဲသောက်နေကျ coffee ဆိုင်လေးက Americano တစ်ခွက် ၀င်၀ယ်ဖို့ကားကိုလမ်းဘေးထိုးရပ်လိုက်သည်coffee ဆိုင်ထဲမ၀င်မှီ မထင်မှတ်ဘဲ မျက်လုံးကဟိုတစ်ခါက ‌မေပိုးဦးကိုလှမ်းတွေ့တဲ့နေရာသို့ရောက်သွားသည် ဘယ်သူထင်မလဲမထင်မှတ်ဘဲလှမ်းကြည့်လိုက်သည့်နေရာမှာသူမ ရှိနေမယ်လို့ သူမကသူငယ်ချင်းနဲ့ပြောနေသည်ထင်ပါရက် ခဏလောက်ပြောပြီးတော့သူမဘေးကတစ်ယောက်က အဲ့ဘက်ကဆိုင်လေးထဲပြန်၀င်သွားသည် သူမကတော့ဒီဘက်ခြမ်းကိုလမ်းကူလာနေသည်

ဒီဘက်ခြမ်းရောက်သည်ထိ‌ liam သူ့ကိုမတွေ့ပါ နေသိပ်မပူ‌တော့ပေမယ့်အပူရှိန်ယဲ့ယဲ့လည်းရှိနေသေးတာကြောင့် ice coffee လေး၀ယ်သောက်ဖို့ဒီဘက်ကို ကူးလာခြင်းဖြစ်သည် ဆိုင်ရှေ့နားသို့ရောက်သော်

"မေပိုးဦး"
ကျွန်တော်နာမည်ခေါ်လိုက်သောကြောင့်လန့်သွားသည့်သူမ

"ဪ ကိုရှိန်းဇော်ခ"

"ဘယ်သွားဖို့လဲ"

"ဒီမှာ coffee လာသောက်တာ"

"ဪ ကျွန်တော်ကောဘဲ"

"အဲ့ဆို သွားရအောင်လေ"

"အင်း အရင်၀င်လေ"

ဒီလိုနဲ့မထင်မှတ်ဘဲ coffee date ဖြစ်သွားရသည်

"မေပိုးဦးက ဒီနားကိုလာနေကျလား"
‌wtf သူကငါ့အကြောင်းကိုစိတ်၀င်စားတယ်တဲ့လား မဆိုးဘူးဘဲအမှန်တော့ မေပိုးဦး ဆိုင်ကိုလာကာ သူကဟိုနေ့တွေ့ပြီးထဲကခုထိထက်မတွေ့ရသေးကြောင်း အမှုံနဲ့အတင်းလာပြောခြင်းဖြစ်သည်

"အင်း အဲ့ဆိုင်ကသူငယ်ချင်းတွေစပ်တူလေ ညီမကတစ်ခါတစ်လေမှသာ လာဖြစ်တာ"

"ကောင်းတာပေါ့ ဘာဘဲဖြစ်ဖြစ်လုပ်ငန်းလေးတစ်ခုရှိတော့ မပျင်းရတော့ဘူးပေါ့"

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now