သူစိမ်း(part-3)[Zawgyi& Unicode]

12.4K 430 0
                                    

(Unicode)

""တောက်... ကားတွေကလည်းပိတ်နေလိုက်တာ ဒီချိန်ထိ"" စိတ်ထဲကနေရေရွတ်ရင်းလေပြင်းတစ်ချက်လောက်မှုတ်ထုတ်လိုက်သည် ""ဒီကောင်လေးကတစ်ခုခုဆိုဖုန်းကိုင်မယ်မရှိ"" တစ်ယောက်ထဲစိတ်ပူပန်မိသည်

လူတွေအုံနေသောထိုရန်ပွဲဘာကြောင့်ဖြစ်မှန်းရှိန်းသိသည်ဒါပေမယ့် ရှိန်းပြသနာမဟုတ်သည့်အတွက်၀င်မပါခဲ့ အစဆုံးဇာတ်လမ်းဆုံမြင်ရသည့်ရှိန်းအဖို့ဒါဟာ ဒီကောင်လေးအတွက်မခံချင်စိတ်ဖြစ်မိသည်

"ဟဲ့ရောင် ငရှိန်းဟိုမှာ‌နေပိုင်လေ ကောင်လေးတစ်ယောက်သူ့လူ‌တွေနဲ့ထိုးခိုင်းနေတာ"

"တွေ့တယ်လေ"

"ဒီကောင်ကရုပ်ပေါက်တယ်ကွာ မင်းပြောတဲ့အတိုင်းဟိုငလည်မလေးကရုပ်နဲ့စိတ်နဲ့တခြားစီ"

ကိုခန့်ပြောလည်းပြောချင်စရာနေပိုင်ကော ဟိုဆူးဆိုသည့်အမျိုးသမီးငယ်ကော တရား‌လွန်လှသည်

"ငရှိန်း ငါ၀င်ပါမှရတော့မယ်"

ကိုခန့်သည်အမြဲမတရားတာတွေ့ရင်မနေတတ်သူဒီလိုရန်ဖြစ်ပြီဆို ရှိန်းကောမြတ်ဇင်ကောမနေနိုင်အနောက်ကလိုက်ရပီ‌ ဘေးကမြတ်ဇင်‌ကိုကြည့်တော့ခေါင်းတငြိမ့်ငြိမ့်နဲ့ လူစွမ်းကောင်းသွားလုပ်မည့် သူ့သူငယ်ချင်းကိုခန့်အားမြှောက်ပေးနေသည်

အထိုးခံနေရသည့် သူရသည်မျက်လုံးများပင်ပြာနေသည် ပြသနာရဲ့မီးဖြစ်တဲ့ ဆူးဆိုသည့်သူမကတော့မာန်အပြည့်မော်ကြွားနေသည် ဘေးနားကနေပိုင်ကလည်းသူ့ကောင်မညှောင့်တိုင်းထကနေသည် ဒီပွဲကိုရှိန်းပါစရာမလိုသေး ကိုခန့်ရွေ့နိုင်သည်

"‌မင်းတို့တော်လိုက်တော့"

ဟိန်းခနဲထွက်လာသောကိုခန့်အသံ ကိုခန့်ကမျက်နှာရူးပေမယ့် သူ့သူငယ်ချင်းနှစ်ယောက်လိုဘဲလက်ရဲဇက်ရဲနိုင်လှသည်

"ဟက်" နှုတ်ခမ်းထောက်ဆုံးလေးကိုတွန့်ချိုးကာရယ်လာသော နေပိုင်

"ကိုခန့် ဒီပြသနာကမင်းပြသနာလား ကိုယ့်စည်းနဲ့ကိုယ်ဘဲကောင်းတယ်"

"မင်းကမှစည်းပြင်ရောက်နေတာ ဟိုမိန်းကလေးပြောတာကိုတစ်ဖက်သတ်ယုံပြီး အသိတရားမဲ့မူးနေတဲ့သူကိုဝိုင်းရိုက်နတာဘယ်သူလဲ"

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now