သူစိမ်း(part-16)[Zawgyi&Unicode]

10.5K 372 9
                                    

(Unicode)

Liam ဒီနေ့ Uni ပြန်တတ်ရမည် အကိုကသူလိုက်ပို့မည်ပြောသောကြောင့် ပျော်ရသည် ကိုယ့်ယောက်ျားကျောင်းလိုက်ပို့တာမပျော်တဲ့လူရှိမလားလေ...

"ဒီ‌နေ့ ကိုယ့်ဇနီးက မြန်မာ၀တ်စုံလေးနဲ့လှနေတာ ကျောင်းမသွားပါနဲ့တော့"

"ဟာ..အပိုတွေပြောပြန်ပြီအကိုကလည်း ကျောင်းမသွားလို့ရမလား"

အကိုက‌ ကားမောင်နေရင်းနဲ့ကိုလာလာကြည့်နေလို့ liam မှာအရှက်ပိုရသည် liam အကို့ကိုကျောင်းနဲ့နည်းနည်းလှမ်းတဲ့နေရာမှာဘဲရပ်ခိုင်းလိုက်တယ် liam ကလူတွေအာရုံစိုက်ခံရတာကိုမကြိုက်ပါ အေးဆေးသမားမို့ လူတွေပြောမှာလည်းမခံနိုင်သလို လူတွေနဲ့လည်းသိပ်မပတ်သတ်တတ်ပါ....

"Liam ကအပျိုလုပ်ချင်လို့လား"

ရစ်စိန်ကတော့စ၍စပါတော့မည် liamတို့လင်မယားကပြောင်းပြန် ကိုယ်ကသိပ်မရစ်ဘဲသူဘဲရစ်နေလို့ liam မှာလိုက်ရှင်းပြနေရသည် အကို့ကိုမရှင်းပြနိုင်တဲ့အခါကျ liam ကပြန်စိတ်ကောက်လိုက်သည် အဲ့လိုဆိုလည်း အကို့မှာပြာပြာသလဲလိုက်ချော့ပေးပြန်သည်.......

"ဒီလောက် လင်ငုတ်တုတ်ရှိနေတာကို ဘာကိစ္စအပျိုလုပ်ချင်ရမှာတုန်း"

"အဲ့ဆိုဘာလို့ကျောင်းရှေ့ထိမပို့ခိုင်းတာလဲ"

"အကိုလည်း သိရက်နဲ့ liamကိုလူတွေလိုက်စပ်စုမှာမကြိုက်ဘူး"

"အဲ့တာကအဲ့တာလေကွာ... အခုကကိုယ်ကမင်းယောကျာ်လေ နောက်လည်းသိရမှာကို"

"အော် အကိုရေ liamကိုနားလည်ပေးပါလားဟင်"

"နားလည်ပေးတယ်လေကွာ"

Liam လည်းအကို့မျက်နှာကို liam လက်ကလေးနဲ့ယူကာမျက်လုံးချင်းဆိုင်လိုက်သည်

"ဒီလိုအေးဆေးနေရတာ liam ပုံစံဖြစ်နေလို့ liam ပုံစံလေးကိုဒီတိုင်းထားပေးပါနော်"

အဲ့လိုချော့ပြီးပြောတာတောင်မှ သူ့မှာသိပ်မကျေနပ်သေးချည် liam လည်းအကို့နှဖူးလေးကိုလှမ်းကာနမ်းလိုက်မိသည်.. အကိုက
ခါးတို၀တ်ထားလို့ ပေါ်သွားတဲ့ ခါးနေရာလေးကိုသူ့လက်ကြီးကြီးနဲ့တင်း‌တင်းလေးဖတ်လာသည် ရင်ခုန်ရပါသည် အကိုရဲ့ဒီလိုအပြုအမူသေးသေးလေးကတောင် liamကိုရင်ခုန်ရအောင်လုပ်နိုင်သည်...နည်းနည်းကြာအောင် အနမ်းချင်းဖလှယ်ပြီးတဲ့နောက်မှတော့ liam လည်းကားတံခါးဖွင့်ကာ ကျောင်းထဲသို့မြန်မြန်သွား ရသည် နို့မို့ဆိုသူ့နဲ့ဖြစ်မှာမဟုတ်ပါ....

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now