သူစိမ်း(part-28)[Zawgyi& Unicode]

9.1K 285 12
                                    

(Unicode)

Liam အဲ့နားမှာဘဲကြောင်ကာရပ်နေမိသည် ကြားလိုက်ရသည့် 'ညှောင်' ဆိုတဲ့အသံက နောက်ဆုံးသောအသံဖြစ်သွားသည် မြင်လိုက်ရသည့် ကားရှေ့သွေးအိုင်ကြားက ရွှေဝါရောင်လေးရဲ့ အကြည့်‌တို့က ရင်ကိုထိတ်လန့်စေသည် သွေးအိုင်ကြားက ကြောင်လေးအတွက် ၀မ်းနည်းမှုတို့သီတန်းဖြစ်လာရသည်

"Babe အဆင်ပြေရဲ့လား ထိခိုက်သေးလား sorry ကွာအကိုဖုန်းပြောနေရင်း တစ်ချက်လွတ်သွားတာ"

"အကို... အဲ့ကြောင်လေးက liamနားလာသွားသေးတာ သူ့ကိုအနားဆက်ခေါ်ထားရင် ဒီလိုဖြစ်မှာမဟုတ်ဘူး"
တုန်တုန်ရီရီဆိုလာသော သူ့အမျိုးသမီးငယ်ကြောင့်သူ့မှာစိုးရိမ်ရပြန်သည် သူမတော်တော်လန့်သွားတာဖြစ်မည်

"လာပါ မိန်းမရယ် အိမ်ပြန်ရအောင် Babe ကိုယ်၀န်ကြီးနဲ့လေ စိတ်လျော့ထားနော်"

အကိုပြောတဲ့အတိုင်း အတွေးတွေ‌ထွေးပိုက်ကာအကိုနဲ့အတူ liam အိမ်ပြန်လာရသည် တစ်ညနေလုံး လူကအကြောင်းအရင်းမရှိ စိတ်ပင်ပန်းနေသည် နောက်ဆုံးမနေနိုင်တော့အကို့ကို ရင်ဖွင့်ဖို့ဖြစ်လာသည်

"အကို ညနေကကြောင်လေးလေ...."

"Babe အဲ့တာတွေမေ့ထားလိုက်နော် သွားချိန်တန်လို့ သွားရတယ်ဘဲထားလိုက်ပါ အထဲက အသက်လေးပါ လန့်နေလိမ့်မယ်"

အကိုကliam စိတ်ပြေအောင် အသက်လေးနဲ့ချော့ကာပြောသည် မတင်မကျဖြစ်နေသည့်စိတ်က အသက်လေးကြောင့် ဖြေသာသွားသည် ဒါပေမယ့်စိတ်ထဲတစ်နေရာတွင် ထိုရွှေဝါရောင်လေးမှာငြိမ်းချမ်းစွာ တည်ရှိနေသည်........

"Babe သွားရအောင်လေ မြန်မြန်"

ဒီနေ့ အသက်ကလေးက ဘာလေးလဲဆိုတာသိရတော့မှာမို့အကို့မှာရင်ခုန်နေရှာသည် သူ့မှာအစည်းအဝေးကြီးကိုပစ်ထားကာ သူ့အသက်လေး အတွက် မိသားစု၀င်တွေနဲ့ဘဲ gender reveal party လေးလုပ်ဖြစ်တယ်

"အရမ်းလောတာဘဲနော်"

"မိန်းမ ဒီရက်ထဲအရောင်ရင့်တွေသိပ်ကြိုက်‌တယ်နော်ခုလည်းသူများတွေလို အပြာရောင်တို့ပန်းရောင်တို့အ၀တ်ထားဘဲ နီညိုရောင်တဲ့ ယောကျာ်လေးလားမသိဘူး"

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now