သူစိမ်း(part-13)[Zawgyi&Unicode]

12.7K 463 13
                                    

(Unicode)

"အကိုရေ...ဒီနေ့မိဘတွေဆီသွားမှာလား မနက်ဖြန်ကျမှသွားမှာလား"

"‌ဪ... liamရယ် ‌မနေ့ကမှမင်္ဂလာဆောင်တာ ဒီနေ့တော့နားပါကွယ်"

အကိုကဆိုဖာမှာနှစ်ယောက်အတူထိုင်နေတာကို ရုတ်တရပ် liam ပေါ်ပေါင်အကို့ခေါင်းလေးတင်ကာလှဲလာသည် အကိုကတစ်မျိုးလေးဘဲ

"Liam ဘာတွေကြိုတ်ပြုံးပြုံးနေတာလဲ"

"မဟုတ်ပါဘူး အကိုနဲ့အခုလိုအိမ်ထောင်ပြုလိုက်ရမယ်လို့မထင်လို့ပါ"

"နောင်တရနေတာလား"

"အင်း နည်းနည်းပေါ့ ကိုနေပိုင်ကတော်တော်အချစ်ကြီးတာနော်"

"ဘာ!!!!" အကိုကliam ပေါင်ပေါ်မှာအိပ်ရင်းနဲ့ကိုရန်ပြန်တွေ့နေတာ

"Liam ခေါင်းထဲမှာနေပိုင့်အကြောင်းမတွေးနဲ့နော်"
အကိုပြောနေတဲ့ပုံကအသည်းယားစရာကြီးပါ...

"မသိဘူး ရေသွားချိုးတော့မယ် 2နာရီတောင်ထိုးနေပြီ"

Liam သည်သူ့မေးသည့်စကားအားရှောင်ကာ မဖြေဘဲအိပ်ခန်းထဲသို့၀င်သွားသည်။ ဒီကောင်မလေးကတော်တော်အချစ်ခံချင်နေတာနဲ့တူတယ်တွေ့အုန်းမယ် ရှိန်းဇော်ခ ဘယ်လောက်ချစ်တတ်ကြောင်းတသီတသန်းကြီးကိုပြမှာ......

Liam အကိုနဲ့အတူထမင်းစားပြီးသည်အထိစကား‌မပြောပါ ခပ်တည်တည်သာနေလိုက်သည်liamလည်းစိတ်ကပထမက အကောင်းပါအခုမှဘာထဖြစ်လည်း ကိုယ့်ကိုတောင်မသိတော့ဘူး
Liam အရင်အခန်းထဲ၀င်ကာ facebookပေါ်မှာ Wedding ပုံလေးတွေတင်မိတယ် အကိုကရေချိုးနေတုန်းနဲ့တူတယ်ရေချိုးခန်းထဲမှရေသံတစွန်းတစကြားနေရတယ်

*တင် တင်*
စာ၀င်နေလို့ကြည့်လိုက်တော့ ဘုန်းသိုက်ဖြစ်နေတယ် ဘုန်းသိုက်က ပထမနှစ်ထဲကဖွင့်ပြောထားပေမယ့် liamမချစ်နိုင်ပါ.. သူ့ကိုလည်းမျှော်လင့်ချက်ပေးမိသလိုဖြစ်နေမှာဆိုးလို့ သူဖွင့်ပြောထဲငြင်းလိုက်ခြင်းဖြစ်သည် ဒါကို ဇွဲကောင်းသူဘုန်းသိုက် မှာအခုထိရှိနေသေးသည်

(Liam နင်သိပ်ရက်စက်တယ်နော် ပထမနှစ်ထဲကပြောထားတဲ့ငါ့ကိုကျော်ပြီး သူစိမ်းတစ်ယောက်ကိုလက်ထပ်လိုက်တယ်)
သူဒီလိုပြောတော့ liam စိတ်တို့မခိုင်ချင်ပါ...

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now