သူစိမ်း(part-24)[Zawgyi&Unicode]

9.3K 324 4
                                    

(Unicode)

နေပိုင်က ရှိန်းဇော်ခတို့လင်မယားကို dinner ကျွေးပြရစေဟု ရှိန်းဇော်ခအား အခါခါလာပြောသောကြောင့်မငြင်းဘဲ လက်ခံရတော့သည် သူမကိုမေးတော့လည်း တွေ့ကြည့်တာပေါ့တဲ့ ဒီလိုနဲ့ကျွန်တော်တို့လင်မယား နေပိုင်နဲ့ dinner စားဖို့ဖြစ်လာတော့ သည်.....
‌ရှိန်းကိုယ်တိုင်ဘဲကားမောင်းကာ နေပိုင်ချိန်းသည့် Restaurant သို့လာခဲ့သည် ရှိန်းဇော်ခဖုန်းဆက်ကြည့်တော့ နေပိုင်က ဘိုကင်လုပ်ထားတဲ့ VIP အခန်းထဲရောက်နေပြီတဲ့

Liamနဲ့အကို ၀င်သွားတော့ကိုယ်နေပိုင်ကရောက်နေပြီ အစားအသောက်ကိုတော့ liam တို့လာမှ မှာကြရသည် အေးဆက်နေတဲ့
စားဝိုင်းကိုဖြိုခွင်းလာသူမှာ ကိုနေပိုင်ဖြစ်သည်

"မေပိုးဦး ကျွန်တော်ရိုင်းပြမိတဲ့အတွက်တောင်းပန်ပါတယ် ကျွန်တော်မူးနေလို့မှားခဲ့တဲ့အမှားကမေပိုးဦး သိက္ခာကိုထိပါးသလိုဖြစ်သွားတဲ့အတွက် Sorry ပါ"

"ဖြစ်ခဲ့တာတွေလည်း ဖြစ်ပြီးပြီးမို့ တောင်းပန်တာကို လက်ခံလိုက်ပါ့မယ်"

"ကျေးဇူးတင်ပါတယ် ရှိန်းဇော်ခမင်းကိုလည်းအားနာတယ် ငါ့ရဲ့တဇွတ်ထိုးဆန်တဲ့စိတ်ကြောင့်"

"ငါအမှန်တိုင်း ပြောရရင်မကျေနပ်သေးဘူး နေပိုင် ဒါကိုနောက်ဆုံးလို့သတ်မှတ်ပြီး ငါလျော်ပေးလိုက်မယ်"

"အေးပါကွာ..."

စားရင်းသောက်ရင်းနဲ့ အကိုနဲ့ကိုနေပိုင်က စကားစမြည်ပြောကြသေးသည် အကိုကတော့မျက်နှာကိုတည်ထားဆဲဖြစ်သည် liam လည်း toilet သွားဖို့ခဏလောက်ထွက်လာလိုက်တော့သည်

မေပိုးဦး သန့်စင်ခန်းခဏသွားနေတုန်း နေပိုင့်မှာ ရှိန်းဇော်ခကိုမဒီ့အကြောင်းမေးရတော့သည်

"ရှိန်းဇော်ခ မဒီဘယ်မှာလဲ..."

"ငါဘယ်လို လုပ်သိမှာလဲ"

"မင်းခေါ်သွားတယ်ဆိုတာ ငါသိတယ်ငါ့ကိုဘယ်မှာလဲသာပြောစမ်းပါ"

ရှိန်းဇော်ခဆီက အဖြေစကားပြန်မလာပါဒီကောင်ကသွေးအေးသည် ဒီကောင့်ကိုတိုက်ဖို့ရာဒီကောင်နဲ့အားချင်းတူတောင်မနိုင် နိုင်ပါဒီကောင့်ထက် သာနေမှကိုရမည်ဖြစ်သည်...

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now