သူစိမ်း(part-21)[Zawgyi&Unicode]

9.8K 319 2
                                    

(Unicode)
ပြီးတာနဲ့တန်းလာခဲ့မယ်နော်..."
အမှုံမရဲ့မွေးနေ့ရှိတာမို့ ဒီညliam သွားရမည် သူရလည်းလာမည်ပြောသောကြောင့် အကို့မာမီကို၀တ်စုံ၀ယ်ပြီးတာနဲ့ အိမ်ကိုသာလိုက်ပို့ခိုင်းရမည် အိမ်ရောက်မှသာ သူရနဲ့အတူပွဲကိုသွားမည်ဟုစီစဉ်ထားသည် ဒီလိုပွဲမှ liam မတတ်ရင် အမှုံတို့အိမ်မီးလာရှို့လိမ့်မည်....

ကျောင်းလာတော့အတန်းပြီးတာနဲ့ ဟိန်းထက်နဲ့ liam သာဆိုင်ထိုင်ဖြစ်တယ်ဘုန်းသိုက် ကအရေးကြီးကိစ္စရှိတယ်ဆိုသောကြောင့်ကျောင်းမလာဖြစ်ပါ အမှုံ့ရဲ့ပွဲကိုတော့လာမည်တဲ့ ဟိန်းထက်နဲ့ကိုယ်ရဲ့စခန်းက အတင်းတုတ်သည့်စခန်းသို့ဦးတည်နေသည် စား‌လိုက်ပြောလိုက်နဲ့ ဟိန်းထက်တစ်ယောက်စက်တပ်ထားသလိုကိုလွှတ်နေသည်

"ဟေ့ရောင် ဟိန်းထက် မတွေ့တာကြာပြီနော်..."

"အော်အေး နိုင်သော်ရာ မင်းနဲ့မတွေ့ရဝာာ 1နာရီလောက်ရှိပြီ"

နိုင်သော်ဆိုတာ ဟိန်းထက်တို့မေဂျာရဲ့Kingဘဲ သူ့အကြောင်တွေကိုအမှုံတို့ဆီကတစွန်းတစတို့ကြားဖူးပါရဲ့ တစ်ခါ‌လောက်တော့တွေ့ဖူးပေမယ့် အခုမှအနီးကပ်သေချာမြင်ဖူးခြင်းဖြစ်သည်ရည်းစားပွေရှုပ်တာကြောင့်နာမည်ကြီးလွန်းသည် Liam ကတော့ကိုယ်နဲ့မသိတဲ့သူစိမ်းမို့ဘာမှ၀င်မပြောပါ ဟိန်းထက်နဲ့စကားပြောနေရင်း ထိုနိုင်သော်ဆိုသည့်ကောင်လေးက liam ကိုမေးငေါ့ပြ၍မေးလာပြန်သည်

"ဟဲ့ရောင် သူကဘယ်သူလဲမင်းကောင်မလေးလား"

"အို နိုး နိုး....ဒါကငါ့သူငယ်ချင်း"

"ငါသူ့ကိုမတွေ့ဖူးပါဘူးဘာလဲ ငါတို့မေဂျာကဘဲလား"

"မဟုတ်ဘူး....law က"

"ငါတို့ကျောင်းမှာ ဒီလိုရွက်ပုန်းသီးတွေလည်းရှိသေးတာဘဲ ဟိန်းထက်ရဲ့သူငယ်ချင်းဆိုတော့ ညကျ မှုံရတီရဲ့မွေးနေ့ကိုလာမှာလားဟင်.."

"ဟုတ်"
liam လည်းမကောင်းတတ်တာကြောင့်ဖြေလိုက်တော့သည်

"ဒါနဲ့ နာမည်‌က"

Liamကြောင်ကာကြည့်နေတော့ ဟိန်းထက်က၀င်ကာပြောရပြန်သည်

"မင်းကအရမ်းစပ်စုတာဘဲ ပြန်စရာရှိတာပြန်စမ်းပါကွာ...."

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now