သူစိမ်း(part-9)[Zawgyi&Unicode]

10.9K 476 4
                                    

(Unicode)

အသိုင်းအဝိုင်းတစ်ခုရဲ့ပါတီမို့ ဒီပါတီဟာထူးကဲနေသည် မြတ်ဇင်ဆိုသည်မှာလည်းနယ်နယ်ရရမဟုတ်သည့်အတွက် ဒီပါတီဟာ‌လည်းပေါပေါပဲပဲပါတီမဟုတ်နိုင်ပါ
ရှိန်းတို့ကားလေးကို မြတ်ဇင်ရဲ့ခြံထဲမှာထိုးရပ်လိုက်သည်ကားပေါ်မှဆင်းဆင်းချင်းဘဲရှိန်းရဲ့ဖုန်း၀င်လာ‌တော့သည် အလုပ်ဖုန်းနဲ့တူတယ်ရှိန်းက liamအားပြောလာသည်

"မေပိုးဦး ညီမအထဲအရင်၀င်သွားလိုက်ပါလား အကိုဖုန်းပြောပြီးလာခဲ့မယ်"

"အော်ဟုတ် အဲ့ဆိုညီမအရင်သွားလိုက်မယ်နော်"

"ရရဲ့လား မရရင်ခဏစောင့်မလား"

"ရတယ် အဲ့ဆိုညီမသွားနှင့်ပြီ"
အမှန်ပြောရရင်ဒီလို လူများတဲ့နေရာမှာသူနဲ့တွဲသွားရတာအဆင်‌မပြေဘူးရယ် သူကနာမည်ကြီးတဲ့သူမို့သူ့ကိုလူတွေကစိတ်၀င်စားတာမစမ်းပေမယ့်သူနဲ့တွဲသွားရင်းကိုယ်ပါစိတ်၀င်စားခံနေရမယ်လေ ဘယ်သူမှမသိအောင်နေတတ်သူမို့ လူများလှသည့်ပါတီထဲ ခေါင်းလေးငုံ့ကာ ကွယ်ပြီးသွားနေမိသည်

"အာ!! ဘုတ်"

လူတစ်ယောက်နဲ့တိုက်မိသွားမှန်းသိလို့ခေါင်းလေးထောင်ကကြည့်မိတော့ ကောင်လေးတစ်ယောက်ဖြစ်နေတယ် အရပ်က liamထက်တော့ရှည်သည် ကိုရှိန်းနီးပါးလောက်ရှည်သည် ချောတာတော့ချောသည် ဒါပေမယ့်လည်းကိုယ်က၀င်တိုက်မိတဲ့သူမို့တောင်းပန်ရမည်

"ဟယ် အကိုsry နော်ညီမ မတွေ့လို့"

တောင်းပန်စကားပြောပြီးသည်နဲ့‌ပြေးဖို့လုပ်နေသည့်မိန်းမချောလေး ရုပ်လှတဲ့အမျိုးသမီးများစွာ မြင်ဖူးခဲ့ပေမယ့်သူမလိုလှတဲ့အလှမျိုးကတော့အခုမှ မြင်ဖူးချင်းဖြစ်သည် နေပိုင်စိတ်တို့လွတ်သွားကာ သူမလက်အားဆွဲထားမိလိုက်သည်

"အကို ဘာဖြစ်လို့လဲ" လှည့်ထွက်တော့မည့်အလုပ်လက်ဆွဲခံလိုက်ရတာကြောင့် liamလန့်သွားရသည်

"အာ sryနော်ညီမ ပွဲလာတာလား"

"ဟုတ် ခွင့်ပြုပါဦးနော်"

"အကို့နာမည်က နေပိုင်ပါ ညီမက"

နေပိုင်တဲ့လားဒီအသိုင်းအဝိုင်းမှာနေပိုင်ဆိုတာတစ်ယောက်ဘဲရှိတာမလား ဒါဆိုသူက သူရကို ဝိုင်းထိုးခိုင်းလိုက်တဲ့လူပေါ့ liamဒေါသတို့ထွက်သွားပေမယ့်သူများမွေးနေ့ပွဲကိုမဖျက်စီးချင်ပါ liamလက်တို့ကိုသူ့လက်ထဲမှရုန်းလိုက်ပြီးနော်
"သွားခွင့်ပြုပါဦး" အုန်းလို့ဟုဆိုကာထိုအနားမှထွက်ခဲ့လိုက်သည်

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedUnde poveștirile trăiesc. Descoperă acum