သူစိမ်း(part-25)[Zawgyi&Unicode]

10.1K 314 7
                                    

(Unicode)

အိမ်ပြန်ရောက်တော့အမူးသမားလေးမှာအိပ်ပျော်နေရဲ့ ရှိန်းဘဲကားပေါ်ကချီကာသူမကိုအခန်းထဲသို့ပို့ရပြန်သည် မူးနေတဲ့ပုံလေးကတကယ်ကို ဆွဲဆောင်မှုရှိနေတာပါ
အခန်းထဲရောက်တော့သူမကို ကုတင်ပေါ်ချကာ ရှိန်းရေ၀င်ချိုးရသည် လူကစိတ်မချတာကြောင့် ကြာကြာတောင်မချိုးနိုင်ပါ မူးပြီးတစ်ခုခုဖြစ်နေမည်ကို ဒီကကောင်ကစိတ်ပူနေရသေးသည်
ရှိန်းရေချိုးပြီးထွက်လာတော့ထင်တဲ့အတိုင်းဘဲ သူ့အင်္ကျီတွေကို အတင်းတွေချွတ်နေလေရဲ့

"Babe ဘာလို့အင်္ကျီတွေချွတ်နေတာလဲ"

"ပူလို့ air con မဖွင့်ထားဘူးလား"
Liam အော်ကာပြောတော့ချက်ချင်းဖွင့်ပေးသည်

"ကဲအင်္ကျီတွေကိုအဲ့လိုဆွဲမချွတ်နဲ့လေ အကုန်ပြဲတော့မှာဘဲ လာအကိုချွတ်ပေးမယ်"

မူးနေတဲ့liam မှာအကိုပြောသည့်စကားကြောင့်မျက်လုံးများပင်ပြူးရသည် ဘယ်လိုဘဲခဏခဏထိတွေ့ဖူးပါစေ အခုလိုရုတ်တရပ်ကြီးကျ ရှက်စရာကြီးလေ

"ရတယ် မလိုဘူးကိုယ့်ဘာသာချွတ်မယ်"

အရှက်ပိုနေသည့်အမူးသမားကိုရှိန်း‌ဇော်ခ စချင်သည့်စိတ်တို့မှာပိုလာရပြန်သည်

"နေ့တိုင်းနီးပါး မြင်ဖူးနေကျကို ဘာတွေရှက်နေတာလဲ ဘယ်နေရာမှာဘာရှိလဲအကိုသိပါတယ် liamရဲ့"

"အကို့...ဘာတွေလျှောက်ပြောနေတာလဲ"

"အကိုထိုင်ပြောနေတာပါ မဟုတ်လို့လား"

"ဟာတော်ပြီ အိပ်တော့မယ်"
ရှက်လို့ စောင်ကြီးခေါင်းမူးခြုံကာအိပ်ဖို့ကြံနေသည့်မိန်းမငယ်....ရှိန်းလည်း ကုတင်ပေါ် တက်ကာ သူမဘေးအတင်းတိုးကာဖတ်တော့ ပြန်တွန်းသည် ရှိန်းအားသုံးကာတက်ခွထားမှ ငြိမ်ကျသွားတော့သည် ဒီအမူးသမားလေးဟာတော်တော်ဆိုးသည်

Liam မနက်ကအကို့မာမီလာပို့တဲ့ငါးပေါင်းဓာတ်ကျကာစားနေသည်မှာ သုံးပန်းကန်ကျော်ပြီ အကိုကငါးအရမ်းမစားပေမယ့် ငါးသလောက်ပေါင်းတော့အရမ်းကြိုက်သည် အကို့မာမီကလည်း ဟင်းတွေပို့ပေးတတ်သည် ဒီနေ့တော့အရင်နေ့ထက်ကိုစားကောင်းနေသည် သေချာသည်မှာဒီငါးပေါင်းကြောင့်ဖြစ်လိမ့်မည် ထိုးစာဆိုတော့လည်းစားပြီးတာနဲ့ကိုအိပ်တော့တာဘဲ....

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now