သူစိမ်း(part-17)[Zawgyi&Unicode]

9.7K 335 10
                                    

(Unicode)

"အကိုရေ ညကျ movie date လေးလုပ်ရအောင်"
နှုတ်ခမ်းလေးထော်ကာပြောနေသောကျွန်‌တော့်အမျိုးသမီးကြောင့် အစိတ်စိတ် အမွှာမွှာ ကြွေနေရပါသည်

" ဒီနေ့အတန်းမရှိဘူးလား"

"အတန်းမရှိလို့ သွားမယ်လေနော်.."

"အကို အိမ်မှာ၀င်ခေါ်ရမလား"

"အကို လာခေါ်လိုက်လေ"

"အဲ့ဆိုဟုတ်ပြီလေ..."

"မွ" အကို့ရဲ့အလုပ်သွားခါနီးတိုင်း ဒီနှာဖူးလေးကိုနမ်းတဲ့အနမ်းတို့က ကဗျာဆန်လှသည်

ရှိန်းမှာ ဒီ project ကြီးပြီးပါစေလို့ဆုတောင်းနေရတယ် liam ကို ဟိုအမျိုးသမီးနဲ့အလုပ်အတူတွဲလုပ်တဲ့အကြောင်းတော့မပြောထားပါ သိရင် စိတ်ပူနေရမည်လေ သူမလေးကို သူနဲ့ပတ်သည်ပြီး စိတ်အနှောင့်ယှက်အဖြစ်မခံနိုင်ပါ

ဒီနေ့အစည်း‌အဝေးမှာ ၀န်ထမ်းတွေကိုကြည့်ရတာပင်ပန်းနေကြသလိုဘဲ Project ကကြီးတာမို့ ရှိန်းလည်းမနားရပါ ပင်ပန်းသည်ဆိုပေမယ့် liam မျက်နှာလေးတွေ့ရင် ငြိမ်းချမ်းတာကြောင့်ဒီရက်ပိုင်း ကိုယ်ပင်ပန်းတာကို ‌ပင်ပန်းတယ်မှန်းသိမနေပါ အချစ်စွမ်းအားကကြီးမားသည်လေ

ရှိန်း ရုံးခန်းထဲ ၀န်ထမ်းတွေပင်ပန်း‌နေတာကိုရိပ်မိလို့ တစ်ခုခုလောက်လုပ်ပေးဖို့စဉ်းစားမိသည် သေချာအောင်စည်သူကိုခေါ်မေးရသည်

"စည်သူ ခဏ၀င်ခဲ့အုန်း"

"ဟုတ် MD ဘာများရှိလို့လဲမသိဘူး"

"စည်သူ အစည်းဝေးတုန်းက၀န်ထမ်းတွေကြည့်ရတာပင်ပန်းနေသလိုဘဲ"

"ဟို..ဟို.."

"ဘာတ ဟို.. ဟို လုပ်နေတာလဲ ပြောစရာရှိတာပြော"

"အခုရက်ပိုင်း ဟိုဖက်ကအဖွဲ့က သူတို့ boss ကသူတို့ကိုဘယ်လိုဂရုစိုက်ကြောင်း စားသောက်ဝိုင်း‌တွေလည်းလုပ်ပေးကြောင်း ကိုကျွန်တော်တို့ Company ကလူတွေနဲ့တွေ့ရင် ဖောက်သည်ချကြတယ်....."

"ဘာလို့ ရပ်လိုက်တာလဲ ဆက်ပြောလေ"

"အဲ့တာ ဒီဘက်ကလူတွေကလည်း အားကျပြီး မရွှင်လန်းဖြစ်နေကြတာ"

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now