သူစိမ်း(part-12)[Zawgyi&Unicode]

12.3K 467 14
                                    

(Unicode)

ဒီနေ့က ရှိန်း‌ဇော်ခနဲ့ မေပိုးဦးတို့ရဲ့မင်္ဂလာဆောင်ဖြစ်သည် အန်တီက ခမ်းခမ်း နားနားကြီးလုပ်ချင်‌တယ်လို့‌ပြောသည် ဒါပေမယ့် liam ရဲ့သဘောအတိုင်း မိသားစု သူငယ်ချင်း အသိုင်းအဝိုင်း တစ်ချို့နဲ့သာ လုပ်ချင်တယ်ပြောသောကြောင့်အကျဉ်းချုံးသာလုပ်ဖြစ်သည် အန်တီရဲ့အကျဉ်းချုံးက တော်၀င်မင်္ဂလာဆောင်နဲ့တူသည် ...အကိုတို့ ခြံက 2ဧက နီးပါးရှိတာမို့ အစ်ကို့တို့ခြံ၀န်းထဲမှာသာစီစဉ်လိုက်သည်....
liam အခုဆိုအကို့ရဲ့တရား၀င်ဇနီးမယားဖြစ်ရတော့မည်မှာ... အကိုရဲ့ချစ်တယ်ဆိုတဲ့ စကားကိုမကြားရသေးလည်းဖြစ်သည် ဘာလို့ဆို liam ကအကို့ကိုချစ်နေလို့ဖြစ်သည်.....

မနက်ထဲက အကိုနဲ့ liam မတွေ့ရသေးပါ အကိုက ဧည့်သည်တစ်ချို့ကိုဧည့်ခံ‌နေရ သောကြောင့် ဖြစ်သည် ..

*ဒေါက် ဒေါက်*

"Liam ငါ၀င်လာလို့ရလား"

"အင်း ရတယ်လာလေ သူရရဲ့"

"သူရ ငါဘယ်လိုလဲအဆင်ပြေရဲ့လား"

"လှတယ်... တကယ်လှတာ"

"ဟယ် တကယ်ကောဟုတ်ရဲ့လား"

"အော် လှလို့လှတယ်ပြောတာ ကိုရှိန်းဇော်ခလက်ထဲတောင်မထည့်ချင်တော့ဘူး"

"ဟား ဟား ဟုတ်ပါပီနော်"

ဟိုမှာ ဒယ်ဒီစောင့်နေပြီ နင့်ယောကျာ်းဆီနင့်ကိုပို့ဖို့"
Liamလည်းမျက်စောင်းလေးသာပစ်ကြွေး လိုက်သည်....
ဒယ်ဒီက liam ကိုတွေ့တော့ မျက်ရည်တွေနဲ့ပြုံးပြနေသည် ဒယ်ဒီ့လက်ကို liam ချိတ်လိုက်တဲ့ချိန် ခံစားရတဲ့ခံစားချက်က ဒယ်ဒီကliam အတွက်အကောင်းဆုံးလူသားဆိုတာခံစားမိတယ် ဒယ်ဒီရဲ့ "ငါ့သမီးလေးကအလှဆုံး" ဆိုတဲ့စကားကဘယ်အချိန်ပြောပြော
အမြဲနွေးထွေးစေသည်..
သူရက မိသားစုဓာတ်ပုံရိုက်မယ်လို့ပြောမှဘဲliam သတိလည်တော့သည် အခုဆို liam ဒီမိသားစုနဲ့အနေဝေးရမယ်မလား....

ရှိန်းဒီနေ့စိတ်လန်းဆန်းနေသည် သူမကဒီနေ့ရှိန်းရဲ့ တရား၀င်ဇနီးဖြစ်တော့မှာလေ ရှိန်းရဲ့ပါးစပ်ဖျားကနေသူမကိုအခုချက်ချင်းကြီး 'အကို liam ကိုချစ်တယ်'လို့ပြောလိုက်ရင်ပေါ့ပျက်သလိုခံစားရမည် သူမကို ရှိန်းရဲ့အချစ်တွေဘယ်လောက်ခိုင်မာကြောင်းထုတ်မပြောဘဲသိနေအောင်သာ ရှိန်းကြိုးစားချင်သည်....
သူမရဲ့အဖေနဲ့ လျှောက်လမ်းလေးက လျှောက်လာနေသောသူမ သတို့သမီး၀တ်စုံကတောင်သူမကြောင့် လှသွားသည်
အရမ်းဝိုင်းစက်မနေတဲ့မျက်လုံးတစ်စုံ ဖြောင့် စင်းနေတဲ့နှာတံလေး နဲ့ မထူမပါးနှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်ထားတဲ့သူမရဲ့အလှက တစ်မူလေးထူးနေသည် နီးလာလေ ရင်ခုန်ရလေဖြစ်နေသည် ဘေးကလူတွေကတော့ရှိန်းရဲ့ရင်ထဲကအကြောင်းကိုဘယ်သိမလဲ ရှိန်းကခံစားချက်မှထုတ်မပြတတ်တာ ဒီမှာရှိတဲ့လူတွေအားလုံးရဲ့ မျက်လုံးတွေကိုခဏလောက်ပိတ်ထားလိုက်ချင်သည် ကျွန်တော့်သတို့သမီးကအရမ်းလှ‌နေလို့.....

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now