သူစိမ်း(final)[Zawgyi & Unicode]

21.2K 430 41
                                    

(Unicode)

မနက်ခင်းအကို့ရဲ့ရင်ခွင်နွေးနွေးထဲနိုးထခွင့်ရတဲ့ခံစားမှုဟာ အနွေးထွေးဆုံးခံစားမှုတစ်ခုပါ....liam ရဲ့ ကိုယ်ပေါ်ကိုဖိထားတဲ့အကို့လက်သန်ကြီးတွေကြားထဲ မနည်းရုန်းကာထရသည်

"အာ့!!!" အကိုကliam လက်ကိုအားနဲ့ဆွဲချလိုက်တာကြောင့် ဘေးသို့တစ်ဖန်လဲကျသွားရသည်

"အကို ဘာလုပ်တာတုန်း ဘေးကိုအုန်း"

"အော်.... ခဏလောက်နေပါအုန်း"

"သားနိုးနေမယ်လေ..."

"အမလေး babe သားက ၅နာရီလောက်ကနိုးလာသေးတယ် အကိုပြန်သိပ်လိုက်ရတာ..."

"ဟင် နိုးလိုက်တာမသုတ်ဘူး"

"အော် နှိုးစရာလား babe ပင်ပန်းထားတာကို.."
liamရဲ့ နှာခေါင်းလေးကိုဖွဖွလေးဆွဲကာပြောလာသည် ဒီလိုကျတော့လည်း အကိုကအလိုက်သိပြန်သည်...

"လာပါ babe ရေတစ်ရေးလောက်ထပ်အိပ်ရအောင်"

"လာ‌ပါဆို နော်..နော်လို့"

အကို့ရင်ခွင်ထဲတစ်ဆုံးထိတိုး၀င်ကာ အကို့ကိုယ်သင်းနံ့လေးကိုရူရှိုက်ရင်းခဏတာအိပ်ဆက်ခြင်းဆီသို့မှီဝဲလိုက်မိသည်
.

"Babeရေ ကွတ်ကီးတွေလုပ်နေပြီလား"

"အင်း ပြီးတောင်ပြီးတော့မယ်"

"အကိုရေ ပီဇာလေးသွား၀ယ်ထားလိုက်ပါလား သူရတို့ညနေလာရင်၀ယ်လာမယ့်ထဲ ပီဇာမမှာမိလိုက်လို့"

"Ok လေ ကိုယ်သွားလိုက်မယ် သားကအိပ်နေတော့တစ်ချက်ကြည့်လိုက်အုန်းနော်"

"ဟုတ်ပါပီ"

အကို့ကားလေးခြံထဲကထွက်သွားသည်နှင့် လုပ်လက်စများကိုလက်စသတ်ကာ အပေါ်ထပ်ရှိအခန်းထဲသို့အပြေးသွားရင်းသားကိုသွားကြည့်ရသည် သားကliamကိုတွေ့တော့ ပုခက်ထဲကနေပြူးကြောင်ကြောင်လေး‌နဲ့ကြည့်နေသည်

"အို မေ့သားချောလေးကနိုးပြီလား လာပါအုန်း"
ပုခက်ထဲကသားကိုကောက်ချီကာ မျက်နှာတစ်ခုလုံးကိုအသည်းယားစွာ နမ်းရှိုက်မိသည် နမ်းလိုက်တိုင်းသားရဲ့ပါးအိအိတို့က နစ်၀င်သွားလေသည် စိတ်ကြိုက်နမ်းပြီးနောက် သားကိုညနေ Christmas party အတွက်အဆင်သင့်ဖြစ်စေရန် ရေမိုးချိုးကာပြင်ဆင်ပေးရတော့သည် သားက Christmas themed စတိုင် အနီနဲ့အစိမ်း ၀မ်းဆက်ကြား ချစ်ဖို့ကောင်းနေသည် ဒီချစ်မွေးလေးကြောင့် liam မှာရူးနေရပါပြီ

You've reached the end of published parts.

⏰ Last updated: Jul 09, 2021 ⏰

Add this story to your Library to get notified about new parts!

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now