သူစိမ်း(part-5)[Zawgyi&Unicode]

11.4K 470 4
                                    

မနက်ဖြန်မင်္ဂလာပွဲအတွက်ဒီနေ့မှသွန်းအမေတို့အိမ်နဲ့ liamတို့အိမ်ကိုချောင်းပေါက်အောင်သွားနေရတယ် ဒါကိုဟိုကောင်လေးကလည်း shopping ထွက်ဖို့လိုက်ခဲ့ပါတဆာဆာ‌နဲ့ခေါ်နေတယ် လူကပင်ပန်းနေပါတယ်ဆိုဒီကောင်လေးကတကယ်အရှုပ်ထုပ် ကိုယ်ကညီမဖြစ်ပြီးအစ်မ၀မ်းကွဲမင်္ဂလာဆောင်တာဝိုင်းကူရင်မကောင်းဖြစ်မယ်လေ.....

"Liam သွားမယ်လေ"

"နားမပူစမ်းပါနဲ့ သူရရယ် နင့်ဘာသာသွားပါလား"

"မိန်းကလေးတစ်ယောက်လောက်ပါမှကောင်းတာပေါ့ ဒါမှငါနဲ့လိုက်လားမလိုက်လားကြည့်ခိုင်းလို့ရမှာ"

"အဲ့တာဆို မှုံသဇင်ကိုခေါ်သွားလိုက် အခုနကဖုန်းပြောတော့သူပျင်းနေတာတဲ့"

"အေးအဲ့အကြံမဆိုးဘူး အမှုံကိုခေါ်သွားရမယ်"

########

ဒီနေ့မာမီက သူနဲ့အပြင်လိုက်ခဲ့ပါအတင်းခေါ်သောကြောင့် ရှိန်းမာမီရဲ့တစ်‌နေ့တာဒရိုက်ဘာဖြစ်ရပီ မာမီ shopping ထွက်နေတုန်းသူ cafe bar တစ်ခုမှာ coffee၀င်သောက်ရင်းထိုင်စောင့်နေလိုက်သည် သူမျက်စိရှေ့သို့၀င်လာသော စုံတွဲတစ်တွဲ ကောင်မလေးကိုတော့သူမသိပေမယ့်ကောင်လေးကိုသူမှတ်မိသည် ဟိုသူရဆိုသည့်ကောင်လေး သူတို့ကြည့်ရတာရင်းနှီးပုံရသည်တစ်ယောက်နဲ့တစ်ယောက် ရိုက်ပုပ်ကာပြောဆိုနေကြသည်
သည်မြင်ကွင်းကိုမြင်ပြီးသည်နှင့်သူပထမဦးဆုံးသတိရလာသူမှာ ဟိုliamဆိုသည့်ကောင်မလေး သူ့ခေါင်းထဲသူမအတွက်မေးခွန်းမျာစွာ၀င်လာသည် ထိုကောင်လေးကလည်းအဲ့နေထဲကထိုးခံရလို့သေသွားရမှာ ကိုခန့်ရှည်တာဒီလိုမျက်နှာများတဲ့ကောင်ကိုကယ်ချင်တာ

"ဟဲ့သား မေရောက်ပီလေ"

"အော် မာမီကလည်းထိုင်လေ"

"အမယ်လေးငါက ငါ့သားလိပ်ပြာလွင့်နေပြီလားလို့"

"ဟဲ့သားငါပြောတာမကြားဘူးလားအာရုံတွေဘယ်ရောက်နေတာလဲ"

"မဟုတ်ပါဘူး မာမီဒါပြီးရင်ဘယ်သွားစရာရှိလဲ"

"No အိမ်ပြန်မယ်" ဒီလိုနဲ့သားမိနှစ်ယောက် အတွေးကိုယ်စီနဲ့ပြန်လာတော့သည်

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now