သူစိမ်း(part-11)[Zawgyi&Unicode]

11.1K 457 4
                                    

(Unicode)

ဒီရက်ပိုင်း liamကော အကိုကောအလုပ်အရမ်းရှုပ်နေသည် အခြားတော့မဟုတ်ပါ liamတို့ မင်္ဂလာပွဲ အတွက်ပြင်ဆင်နေရလို့ဖြစ်သည် Pre Wedding Photoတွေလည်းရိုက်ရသေးသည် အကိုကအလုပ်တစ်ဖက်နဲ့မို့ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ဖြစ်နေသည် ဒီရက်ပိုင်းအကိုနဲ့ပိုရင်းနှီးလာတယ်လို့ခံစားရတယ်....
ပထမကဒီလောက်မြန်မယ်လို့ မထင်ခဲ့ပေမယ့် နှစ်ဖက်မိဘတွေက လောနေတာနဲ့ဘဲ စီစဉ်ရတော့သည် အန်တီကဘယ်ထဲကကြိုစီစဉ်ထားလည်းမသိပါ တော်တော်များကိုပြီးနေပြီ.....

‌ဒီနေ့ liam နဲ့အကို တို့ရဲ့ Wedding dress အစမ်းသွား၀တ်ကြည့်ဖို့ ဒီဇိုင်နာဆီသွားရမည်... နေ့လည်စာအတူစားပြီးမှ သွားမည်လို့စီစဉ်ထားသည် အကိုကဒီရက်ပိုင်း liamကိုအချိန်ပေးလာသည် သုံးရက်တစ်ခါလောက်ကိုတွေ့ဖြစ်သည် အခုလည်းအိမ်မှာလာခေါ်မယ်ဆိုလို့စောင့်နေရသည်

*တီ... တီ..*

အကိုလာပြီနဲ့တူတယ် liam အပြင်ထွက်ကြည့်တော့အကို့ကားလည်းမဟုတ်ပါ ကားကခြံရှေ့ရပ်ထားတာမို့liam ခြံတံခါးနားသွားတော့ ကားကမောင်းထွက်သွားသည်.. ခြံရှေ့မှာချခဲ့သည့် စာအိတ်အညိုလေးတစ်အိတ်
liam ဖောက်ကြည့်ဖို့လုပ်လိုက်တော့ အကိုကားလေးကရောက်လာပြီဖြစ်သည် liam လည်းစာအိတ်လေးကို လက်ကိုင်အိတ်ထဲသာထည့်လိုက်တော့သည်။

"Laim ထမင်းမစားထားဘူးမလား အကိုတို့ တစ်ခုခုသွားစားရအောင်"

"တစ်ခုခုစားလိုက်ရင် dress ၀တ်တဲ့အခါကျအဆင်ပြေမှာမဟုတ်ဘူးလေ"

"ဟင် အဲ့ဆို ဗိုက်ဆာနေမှာပေါ့"

"အစာပြေ မုန့်ဘဲစားထားမယ်လေ ပြီးမှlunch သွားစားတာပေါ့"

"ဟုတ်ပါပီဗျာ" အကိုသည်liam အားဂရုတစိုက်ရှိလာသည် liam ရဲ့ဒီတစ်ခေါက် ဆုံးဖြတ်ချက်ကမှန်သည်နဲ့တူသည်....

ဆိုင်ရောက်တော့ ကောင်မလေးတွေက liamတို့အကြောင်းတီးတိုးပြောကြသည်.....

*ဟယ် သတို့သားနဲ့သတို့သမီးက လိုက်လိုက်တာ*

*ပွဲအတွက် စုံ‌တွဲတွေလာကြပေမယ့် သူတို့နှစ်ယောက်ကတစ်မျိုးလေးနော်*

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now