သူစိမ်း(part-6)[Zawgyi&Unicode]

11.6K 468 4
                                    

(Unicode)

Wedding ပြီးတော့ ရှိန်းမာမီတို့နဲ့အတူအိမ်ကိုသာပြန်လိုက်သည်မာမီလည်းဘာပျော်စရာရှိလို့လည်းမသိ မျက်နှာကိုပြုံးလို့ဒယ်ဒီလည်းပြုံးနေသည်ဘာ‌တွေသဘောကျနေမှန်းမသိ ဒီလင်မယားနှစ်ယောက်ကလိုက်လည်းလိုက်သည် ရှိန်းမနေနိုင်တဲ့အဆုံးမေးလိုက်တော့သည်

"မာမီ ဘာတွေရှိလို့ ဒီလောက်ပျော်နေရတာလဲ"

"မာမီချွေးမရတော့မှာလေ"

"ဘာ မာမီဘာတွေလဲ"

"မာမီ မင်းအတွက်မိန်းမတွေ့ခဲ့ပြီ"

"ဒယ်ဒီကော သိတာလား"

"ဟုတ်တယ်သား ဒယ်ဒီတော့ဒီတစ်ခေါက်မင်းမာမီရွေးတဲ့မိန်းကလေးကိုသဘောကျတယ်"

"အမယ်လေး ကိုရှိန်းခန့်ဇော် ဘာမှမပူနဲ့ဒီနှစ်လအတွင်းမင်းနဲ့အဲ့မိန်းကလေးပေါင်းဖက်ရအောင်မာမီအကျိုးဆောင်မှာပါ"

"ဟာ မာမီကလည်းသားဘယ်ကမှန်းမသိတဲ့မိန်းကလေးကိုချက်ချင်း လက်မထပ်နိုင်ဘူး"

"အမလေး ငါ့ချွေးမလောင်းကမျိုးရိုးသန့် ဘယ်သူလဲဆိုတာမင်းဘာသာစုံစမ်း hintလေးတော့ပေးလိုက်မယ် GF group CEO ရဲ့သမီး"

"ကျစ် မာမီမမိုက်ဘူးနော်"

"လာယောကျာ်းသွားနားရအောင် ပင်ပန်းလာတယ်မလား"

မာမီသည်သူ့အားဂရုတောင်မစိုက်သူ့ယောကျာ်းလက်အားကျစ်ကျစ်ပါအောင်ကိုင်ကာအိမ်ပေါ်သို့တတ်သွားသည်
ရှိန်းလည်းဘာမှမပြောဘဲ စိတ်ရှုပ်နေသမျှကို ရေအေလေးစိမ်းရင်းမေ့ပျောက်ဖို့လုပ်ပေမယ့်ခေါင်းထဲ၀င်လာသူက GF group CEO ရဲ့သမီး‌အကြောင်း မနေနိုင်တဲ့အဆုံး ကိုခန့်စီသာဖုန်းခေါ်ရတော့သည်

"Hello မသာပြော"

"‌အေး ကိုခန့်‌ငါစောက်ပြသနာတတ်ပြီ"

"ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲကွ မာမီကဒီနေ့ wedding သွားတာလေအဲ့တာငါ့အတွက်ပါမိန်းမ တခါတည်းရှာလာတာကွာ"

"အဲ ဟုတ်လား"

"ဘယ်က ကောင်မလေးတဲ့လဲ"

"ခရီးသွား၀န်ဆောင် GF group ကCEO ရဲ့သမီးတဲ့"

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now