သူစိမ်း(part-14)[Zawgyi&Unicode]

11.6K 428 6
                                    

(Unicode)

Liam ဒီနေ့ မာမီနဲ့ shopping ထွက်ဖြစ်တယ် မာမီကဆရာ၀န်ဆိုတော့ သိပ်မအားဘူးလေ အားတဲ့အချိန်‌လေးလုပြီး ထွက်ရတာ ကျောင်းကလည်းပြန်တတ်ရတော့မယ်ဆိုတော့ လိုတာလေးတွေလာ၀ယ်တာ အကိုကတော့ သူ့ card ကြီးအတင်းထိုးပေးပေမယ့် ရှိပါတယ်ဆိုပြီးထွက်လာခဲ့ရတာ အခုမာမီကို အိမ်ပြန်ပို့ပြီး ကွန်ဒိုသို့ပြန်လာရသည် ကိုယ့်ကားကကိုယ့်အတွက်တော့မောင်းရတာဇိမ်အကျဆုံးဘဲ
*Ring Ring*

"Hello အကိုပြော"

"Liam အိမ်ပြန်ရောက်ပြီလား"

"မာမီ့ကိုသွားပို့ပြီးပြန်လာနေတာ ရောက်တော့မယ်"

"Liam အကို့ကိုတစ်ခုလောက်ကူညီပါလား"

"အင်းပြောလေ"

"အကို အိမ်မှာအစည်းဝေးအတွက် အရေးကြီးတဲ့ စာရွက်တစ်ချို့ကျန်နေခဲ့လို့ လာယူခိုင်းဖို့ကျလည်း ဒီမှာအကုန်အလုပ်ရှုပ်နေကြလို့အကို့ကို လာပို့ပေးပါလား"

"အင်းရတယ်လေ အဲ့တာဆိုအခုယူပြီး လာပို့ပေးမယ်"

"ကျေးဇူးပါကွာ ချစ်ဖို့ကောင်းလိုက်တာ"

"အင်း"
အကိုကသိပ်ကိုလူကြီးဆန်တာကိုယ့်မိန်းမမို့အထက်စီးကမဆက်ဆန်ဘူး ခိုင်းရင်တောင်အမြဲအောက်ကျို့ပြီးဘဲခိုင်းတယ်...

ရှိန်းအရမ်းအလုပ်ရှုပ်နေတာကြောင့် အာရုံတွေတောင်နောက်နေရသည် သူမအသံလည်းကြားသည်နဲ့ပြေငြိမ်းရသည်

"ရှိန်းဇော်ခရှိလား"

MD နာမည်ကိုကိုင်ပြီးပြောလာ‌တာကြောင့် ကောင်တာကောင်မလေးတစ်ချို့မကျေနပ်ဖြစ်သွားရသည် အသံကလည်းအထက်စီးဆန်တဲ့အသံနဲ့..

"ဟိတ် တို့မေးနေတာမကြားတာလား မသိချင်ယောင်ဆောင်နေတာလား"

"အမက ဘယ်သူလဲ"

"အို တို့ဘယ်သူဘဲဖြစ်ဖြစ် တို့မေးတာသာဖြေစမ်းပါ"

"အဲ့လို ပြောချင်တိုင်း‌ပြောပြလိုက်ရအောင် MD က၀န်ထမ်းမဟုတ်ဘူး"
ရှိန်းဇော်ခ ခန့်ထားတဲ့၀န်ထမ်းဆိုသည်မှာ ရှိန်းဇော်ခ လိုစိတ်ဓာတ်မျိုးရှိရတယ်

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now