သူစိမ်း(part-19)[Zawgyi&Unicode]

9.6K 333 4
                                    

(Unicode)

Liam စိတ်တို့ကပြိုလဲနေသည် အရှိကိုအရှိတိုင်းလက်ခံရအောင်လည်း အကို့ကိုဘဲယုံကြည်နေသည့်ဒီစိတ်ကသာအဓိကဖြစ်နေသည် ဘုန်းသိုက် က လမ်းမကြီးဘေးမှာကားရပ်ထားပေးတာကြောင့် liam သေချာစဉ်းစားနေမိသည်

"Liam ငိုချင်ရင် ငိုချလိုက်ဖို့ အရေးကြီးတယ်နော်..."

"ငါအဆင်မပြေဘူး ဘုန်းသိုက်..."

"နင်တို့ ဘာဖြစ်လဲမသိပေမယ့် ပြသနာတစ်ခုခုရှိမယ်ဆိုတာ ငါရိပ်မိတယ်.....
နင်တို့အိမ်ထောင်သက်တမ်းက လည်းနုသေးတော့ သေချာညှိကြပေါ့ အဖြေတစ်ခုလောက်တော့ရမှာပါ"

"ငါလက်မခံချင်တဲ့ဟာက အမှန်တရားဖြစ်နေမှာကိုငါကြောက်တယ် ငါပြီးတော့သူ့ကိုလည်းဘာအကြောင်းကြောင်းနဲ့မှ မစွန့်လွှတ်နိုင်ဘူး"

"အေးပါ ငါသိတယ်..."

"ငါ နင့်ရှေ့ဒီလိုတွေပြောရလို့လည်း ငါနင့်ကိုတကယ်ငါအားနာပေမယ့် ငါ့ခံစားချက်တွေကို ဖွင့်ဟခြင်လို့ပါဟာ....."

ဘုန်းသိုက် ကခေါင်းလေးကို သပ်ပေးကာ ‌အားပေးနေသောကြောင့် အကိုတစ်ယောက်လိုနွေးထွေးမှုမျိုးခံစားမိတယ်.....

"Liam ရောက်ပြီ... သေချာနားလည်အောင်မေးနော် ဂရုစိုက်"

"အေးပါ...."

"တစ်ခုခုဆို ဖုန်းဆက်နော်...."

"အင်းပါ....ကျေးဇူးဘဲ ငါ့ကြောင့်ဒုက္ခများရတာ"

"အော် မဟုတ်တာ..."
Liam ရယ် နင်ဒီလိုခံစားနေရတာကို ဒီကောင်ကဘယ်လိုအိပ်ပျော်မှာလဲ သူကဘာတွေရှုပ်ထားလို့နင်ကဘာတွေကိုကြောက်နေရတာလဲ
နင်တို့ကြားထဲက ရှုပ်နေတဲ့ကြိုးတွေကို နင့်အစားငါသာရှင်းပေးလိုက်ချင်တယ်.....

Liam အခန်းထဲရောက်တော့မှောင်မဲနေပြန်ပြီ အကိုကအမှောင်ကြိုက်တာမို့စိတ်ညစ်တိုင်း အမှောင်ထဲထိုင်နေတတ်တာ သတိထားမိသည်...အခုထိတောင် အကိုအဆင်ပြေရဲ့လားလို့တွေးနေသည့်ကိုယ့်ကိုယ်ကိုအံ့ဩမိပါရဲ့....

"Liam ပြန်ရောက်ပြီလား"

"အင်း ရောက်ပြီ..."

"အကိုနဲ့စကား‌ခဏလောက် ပြောလို့ရမလား"

"အကို liamလေ...."

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now