သူစိမ်း(part-27)[Zawgyi&Unicode]

9.5K 288 7
                                    

(Unicode)

မိုးလေးတွေတဖွေးဖွေးကျနေတဲ့ ဒီရက်ပိုင်းကိုယ်၀န်ဆောင်ဖြစ်တဲ့ liamအတွက်တော့သက်တောင့်သက်သာရှိတယ် ရာသီဥတုအုံ့မှိုင်းမှိုင်းကြောင့် အသက်လေးကိုတွေ့ချင်စိတ်တို့ ဖြာကြနေရသည် အကိုကသူ့ သက်ဦးလေးကို ကလေးလို့ခေါ်တာထက်
အသက်လေး လို့ခေါ်ချင်သည်တဲ့လေ
မပူ့တပူထွက်နေတဲ့ ဗိုက်လေးကချစ်စရာပါ ညညကျ liam ဒုက္ခရောက်ရသည် အကိုက သူ့အသက်လေးနဲ့စကားတွေပြောသည် ဗိုက်လေးကိုလည်း သူ့မှာဘယ်လိုထားရမှန်းမသိဖြစ်နေရှာသည် liam ကိုအရင်က‌လိုတောင် ၂ ရက်တစ်ခါခေါင်းပေးမလျှော်တော့ပါ လျှော်ရင်တောင်သူကိုယ်တိုင်သုတ်ပေးတတ်သည် liamဖျားရင်ခံရမှာ သူ့အသက်လေးတဲ့ ကိုယ့်ကလေးကိုအကိုချစ်တာသိပေမယ့် တစ်ခါတစ်လေကျ ဗိုက်ထဲကဟာလေး‌ကိုတောင် liam မှာမနာလိုရသည်

ဗိုက်ကလေးက မပူ့တပူထွက်နေတာကြောင့် အ၀တ်အစားတစ်ချို့သွား၀ယ်ဖို့ အကို့ကိုလိုက်ပို့ဖို့ပြောထားသည် အခုတော့ မာမီ့လက်ရာ သရက်သီးသုပ်လေးကို ပဲဟင်းနဲ့ဆွဲနေမိသည် စားချင်လွန်းတယ်ပြောတာကြောင့် မနက်ထဲကမာမီကလာချက်ပေးကာ ဂျူတီအမှီပြန်သွားသည် အခုမှတစ်ယောက်ထဲစားနေတာကြောင့် အရသာရှိလှသည် ဒီကလေးက သူ့အဖေနဲ့သိပ်ကိုတူလှသည် 
ထမင်းစားနေတုန်း ဖုန်း၀င်လာလို့ကြည့်လိုက်တော့သူရဖြစ်နေသည် ဒီမောင်တစ်ယောက်ကလေးကို သူ့ကလေးတဲ့လေ

"အေး သူရပြော"

"ငါ့ကလေးကော ဘယ်လိုလဲ"

"ဟဲ့နင့်ကလေးကထွက်တောင်မလာသေးဘူး နင်တို့ဘာဖြစ်နေကြတာလဲ"

"အေး အထဲမှာရှိနေလည်း ငါ့အသက်လေးကိုဂရုစိုက် မတည့်တာတွေမစားနဲ့"

"အေးပါဟယ် အပိုတွေကိုလုပ်နေတာ"

"ငါ့ကလေးတစ်ခုဖြစ်ကြည့် liam နင်သေပြီ"

"အေးပါ ကလေးအဖေကြီးရယ်"

Liam တို့သိပ်ကံကောင်းသည် တစ်မိသားစုလုံးကော သူငယ်ချင်းတွေကပါ မမွေးရသေးတဲ့ဒီအသက်ကလေးကိုဝိုင်းချစ်ပေးကြသည် မမွေးခင်ထဲက လူတွေတုန်နေအောင်ချစ်နေကြသည့် ဒီကလေးလေးကိုလည်း ကိုယ့်မှာတွေ့ချင်လှပြီ

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now