သူစိမ်း(part-29)[Zawgyi&Unicode]

8.9K 299 17
                                    

(Unicode)

သူမဆေးရုံရောက်နေသည်ဆို့တဲ့ သတင်းကရှိန်း‌ဇော်ခ အားတုန်လှုပ်သွားစေသည် သူမထိုအချိန်မှာဘယ်လောက်ကြောက်နေလိမ့်မလဲ သူဘာလို့ထိုနေရာမှာမရှိခဲ့တာလဲ သူတို့သားလေးရော အဆင်ပြေပါ့မလား တစ်ယောက်ထဲ Operation ခန်းရှေ့  ခေါက်တုံ့ ခေါက်ပြန်လျှောက်မိရင်းရောက်ယက်ခပ်နေသည်

Operation ခန်းထဲမှဆရာ၀န်တစ်ယောက်ထွက်လာကာ မေးခွန်းတစ်ချို့အားမေးလာသည်

"လူနာရှင်လား"

"ဟုတ်...ဟုတ်ပါတယ် လူနာရဲ့အမျိုးသားပါ"

"ကျွန်တော်တို့ခွဲစိတ်တော့မှာမို့ ဒီမှာလက်မှတ်ထိုးပေးပါ...."

"ဒေါက်တာ လူနာအခြေ‌အနေကကော"

"အမှန်တိုင်းပြောရရင် နှစ်ယောက်လုံးရရှိနိုင်ဖို့က 50% ရှိတယ် ဒါပေမယ့်ကျွန်တော်တို့အစွမ်းကုန်ကြိုးစားသွားမှာပါ"

"ကျွန်တော့် ဇနီးနဲ့ကလေးကို ကယ်ပေးပါ ကျွန်တော်အနူးညွှတ်တောင်းဆိုပါတယ်"

ဆရာ၀န်အထဲပြန်၀င်သွားသည် ဒါပေမယ့်ရှိန်းရဲ့စိုးရိမ်မှုတို့က ပိုမိုကြီးထွားလာသည် 50% ရာခိုင်နှုန်းဆိုတာ လူ့အသက်တစ်ချောင်းကိုသယ်ထားတဲ့ မိခင်အတွက် လုံလောက်မှုတို့ရှိမနေပါ ဒီလူသားနှစ်ယောက်သာရှင်သန်ခွင့်ရမယ်ဆို ရှိန်းသူ့ကိုယ်သူ ပြာဖြစ်ခွင့်ပေးနိုင်တယ်
ဆောင်းကုန်ခါနီးပြီမို့ ရာသီဥတုတို့အေးစိမ့်နေသော်လည်း ရှိန်းဇော်ခ ရင်ဘတ်ထဲကအပူဟာမငြိမ်းသွားပါ မီးတောက်တစ်ခုလို ပို၍ပင်တောက်လောင်နေသည်

"သား... ရှိန်းဇော်ခ မာ့မီသမီးလေးဘယ်လိုလဲဟင် ဗိုက်ထဲက အသက်လေးရော"

Liam မာမီသည် သူထိုင်ရာဆေးရုံကနေအခုဆေးရုံကိုပြေးလာပုံဘဲ မျက်လုံးထဲမြင်နေရသည့် သမီးအတွက်စိုးရိမ်နေမှုတို့မှာ အထင်းသားဖြစ်နေသည် ဒီချိန် အန်တီအတွက် ဘယ်‌‌ဖြေသိမ့် မှုကအကျိုးရှိမလဲမသိနိုင်တော့ပါ

"liamကပေါင်ရိုးကျိုးသွားတယ် liam ကသတိမေ့နေတော့ သားကိုပါ ခွဲပြီးမွေးရမယ်"

"အို...မသေကောင်းမပျောက်ကောင်း ငါ့ကလေးနှစ်ယောက်ကိုမှ"

ဘုရားစာတွေရွတ်ကာ ရင်တမမနဲ့ နေမိတယ် သူမလေးကောသားလေးကောပြန်လာဖို့ကသူ့အတွက်အရေးကြီးဆုံးသာဖြစ်သည်

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now