သူစိမ်း(part-31)[Zawgyi&Unicode]

10.7K 289 9
                                    

(Unicode)

အိမ်ရှေ့ခြံလေးထဲဆင်းကာကြည့်တော့ နေရောင်ပျို့ပျို့ကြားကြား သက်ခကိုချီကာ လမ်းလျှောက်ပေးနေသည့်အကို့ကိုလိုက်ကြည့်မိသည် ဆွယ်တာ ခဲရောင်နုနုက အကို့မျက်နှာချောချောကိုထင်းစေပြန်သည်
အခုဆို ဒီအိမ်လေးကိုရောက်လာတာ သုံးလလောက်ရှိပြီ သား‌လည်း 5လ ဖြစ်လာပြီမို့ အကိုကကွန်ဒိုမှာသူ့သားအတွက်နေရာမရှိဘူးဟု အကြောင်းပြကာ မင်္ဂလာလက်ဖွဲ့အဖြစ်ရထားတဲ့ ဒီအိမ်လေးကိုပြောင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်ကွန်ဒိုထက်အများကြီးကျယ်တာကြောင့် သားအတွက်စိတ်မချဖြစ်ရသည်
ရပ်ကွက်ကလည်း ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တာကြောင့် ထွေထွေထူးထူး အလုပ်မရှုပ်မိကြဘူးရယ်......

အရင်ကအလုပ်များနေရင်တောင် 7နာရီဆိုပြန်ရောက်လာတဲ့အကိုကအခု 9 နာရီ ကျော် သည်ထိအရိပ်လေးတောင်မတွေ့ရပါ ဖုန်းဆက်ကြည့်တော့လည်းစက်ပိတ်ထားပြန်သည် ဆောင်း၀င်ခါစမို့ သားကိုလည်းနွေးနွေးထွေးထွေးထားရသေးသည်

"မေ့သား သက်ခလေးရယ်အနွေးထည်၀တ်ရအောင်"

Liam ၀တ်ပေးနေတာကို 5လအရွယ်သားကအတင်းတွန်းကာ မ၀တ်ချင်ပုံပြနေသည် ဒီလောက်အေးနေတာကို သူကအအေးကြိုက်နေသည်

"သားရေ ၀တ်နော်.... ပြီးရင် နို့နို့ဆို့ပြီး အိပ်ရမယ်လေ"
ဝူးဝဲ ဝူးဟဲ လုပ်ကာ liam အားငြင်းဆန်နေသည့်သားကို ဘယ်ကလာမှန်းမသိတဲ့ဒေါသအဖျားတို့ရိုက်ခက်ချင်လာသလို ‌
liam လည်းမရမက ထိုးကာ၀တ်တော့ ဒင်းလေးက ရှုံ့‌မဲ့ကာ ငြိမ်ခံနေပြသည် မလွယ်ကြောလေးပါ သူ့ကိုစိတ်တိုတာမကုန်သေးလို့ မွေ့ယာပေါ်ချပေးထားပြန်တော့လည်း လူကိုလိုက်ကြည့်ကာ ဖြီးနေအောင်ရယ်ပြပြန်သည် သူ့အပြုံးတွေအောက် ဒီကဘဲမခံနိုင်တော့တာကြောင့် သူ့ဘေးနားလှဲချလိုက်ရတော့သည်

မီး‌ရောင်ဖျော့ဖျော့အောက်နို့ဆို့ရင်းမျက်နှာအားသူ့လက်သေးသေးလေးနဲ့လိုက်ထိနေတာကြောင့် မနေနိုင်တဲ့အဆုံး လက်ဖောင်းဖောင်းလေးအားယူကာ ဖွဖွလေးကိုက်မိလိုက်တော့သည်

"အား...အီး...!!!!"

အကိုက်ခံလိုက်ရ‌တာကြောင့် အသံပြဲအောင်ငိုလာတော့သည် ဖင်လေးကိုပုတ်ပေးလည်းမတိတ်တော့ပါ ကျောကုန်းလေးကိုပွတ်ပေးလည်း အားပြဲအောင်သာငိုနေသည် တော်တော်နာသွားပုံရသည် မျက်၀န်းထဲမျက်ရည်တွေဆို့လို့ liam အားမော့ကာကြည့်လာသည် ဒီလိုကျတော့လည်း ကိုယ့်မှာ၀မ်းနည်းရပြန်သည် ကိုယ်ကစချင်လို့ကိုက်လိုက်ပေမယ့် သားကတော်တော်နာသွားပုံရသည်
"ကျွတ်..ကျွတ် မေ့သားလေးတိတ်နော်"

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now