အပိုင်း (၂)

6.1K 382 19
                                    



" အဲ့ဒါဆို မကြာခင်ဒီကိုတာ၀န်နဲ့ပြောင်းလာတော့မှာပေါ့ ?"

" အေးပေါ့ ။ မင်းကိုကောင်းကောင်းကြီးဒုက္ခပေးလို့ရပြီ "

ဆိုလ်းမြို့ရှိဟွာအင်းဆေးရုံမှတာ၀န်ဆိုင်းပေးလိုက်မှုကြောင့်ဘူဆန်ဆေးရုံသို့တာ၀န်နှင့်အတူမကြာခင်ရွှေ့ပြောင်းလာရမည်ဖြစ်သည်။သူငယ်ချင်းဖြစ်သူTaehyungဆီမှ ထိုသို့ကြားရ၍ ဘူဆန်သားJiminအတွက်ပျော်စရာအကောင်းသတင်းဆိုတာ ဆပ်ဖြဲဖြဲဖြစ်နေသည့်မျက်နှာကသက်သေပင်။

" အာ့ဆိုမင်းနေဖို့အတွက်ရော ဘယ်လိုစီစဉ်ထားလဲ ?"

" မင်းတစ်ယောက်လုံးရှိနေတာပဲကို ။ ပြီးတော့အန်တီကငါ့ကိုသားအရင်းလိုချစ်တယ်လေ "

စကားကိုရိုးရိုးတန်းတန်းမပြောပါပဲကပ်ဖဲ့ယက်ဖဲ့နှင့်ပြောဆိုနေမှုကြောင့် Jiminမှာမျက်နှာကိုရှုံ့မဲ့လျက်နှင့်ကြည့်လာသည်။ Jimin၏အကြည့်စူးစူးကိုကြည့်ခြင်းအားဖြင့်စိတ်ထဲတွင်တော့အသေအကြေထုသက်ပြီးနေလောက်ပြီဟုမှတ်ယူနိုင်ပါတယ်။

" ငါ့အိမ်မှာလိုက်နေမယ်ဆိုတဲ့သဘောပေါ့ ?"

" အဲ့ဒါအပြင်ရှိသေးလို့လား ။ အန်တီကိုငါပြောထားပြီးပြီ "

" ငါလည်းမသိရပါလား ခွေးကောင်ရ !"

" အဲ့ဒါတော့ မွေးစားသားနဲ့သားအရင်းနဲ့ကွာတာပေါ့ !"

" မင်းဒီတခါတော့လွတ်အောင်ပြေးထား "

Jimin၏လက်သံပြောင်ချက်ကိုတော့Taehyungကြောက်ပါသည်။စစပြီးထွပ်ပြေးသည်မှာအမြဲလိုလိုပင်။ယခုလည်းစပြီးထွက်ပြေးကာ အသံထွက်‌အောင်အော်ရီနေပြန်သည်။

ဘွဲ့ပြီးသည်အထိသည်အထိကျောင်းအတူတက်ခဲ့ရပြီး ဆေးရုံသို့သင်တန်သင်းဆင်းဘ၀ရောက်သည့်အခါJiminကမွေးရပ်မြေဖြစ်သည့်ဘူဆန်ဆေးရုံကိုပဲရွေးချယ်ခဲ့သည်။Taehyungတယောက်ထဲသာဆိုလ်းဆေးရုံတွင်သင်တန်းဆင်းဘ၀ကိုကုန်ဆုံးခဲ့ပြီး တာ၀န်ဆိုင်းခြင်းခံရသည့်အခါဘူဆန်ကိုရွေးချယ်ခဲ့သည်။

နေ၀င်ခါနီးအချိန်မို့မှောင်ရီစပျိုးလို့နေပြီဖြစ်သည်။သူငယ်ချင်းနှစ်ဦးကားပြေးလွှားရင်းပျော်မြူးလို့နေသည်။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedUnde poveștirile trăiesc. Descoperă acum