အပိုင်း (၁၈)

1.9K 193 20
                                    

" ဒေါက် ဒေါက် ဒေါက် "

အခန်းတံခါးခေါက်သံကြောင့်မှန်ရှေ့တွင်အ၀တ်စာ၀တ်‌နေသည့်Taehyungက အခန်းတံခါးသွားဖွင့်ရန်အတွက်မှန်အရှေ့မှလှည့်ထွက်သည်။တံခါးကိုဆွဲဖွင့်လိုက်ချင်းမှာပဲမြင်လိုက်ရသည့်ကောင်လေးကြောင့်ပျက်ရွင်းသွားသည့်မိက်နှာထားနှင့်အတူ အခန်းတံခါးကိုပြန်ပိတ်ရန်ပြင်သည့်အခါ...

" နေပါအုန်း ! ကျနော် ခင်များနဲ့စကားပြောချင်လို့ "

" ငါ့မှာပြောစရာမရှိဘူး !"

" မဟုတ်ဘူး ... ခဏလေးပဲလေ "

" ငါ့စကားကိုနားမလည်ဘူးလား ?"

တည်ကြည်နေသည့်မျက်နှာထားနှင့် စူးရှရှမျက်၀န်းတို့ကိုပန်ဆင်ကာ ဒေါသလောင်မြိုက်နေသည့်လူသားကတော့ကောင်ငယ်လေးကိုဝါးစားမတက်စိတ်ကြည့်နေ၏။ခွင့်တောင်းနေသည့်ကောင်လေးမှာမျက်နှာငယ်လေးနှင့်သာ။

" ငါ့မှာမင်းအတွက်ပြောစရာစကားမရှိဘူးလို့ !"

" ကျနော့်ကို၅မိနစ်ပဲအချိန်ပေး "

" ငါ့အလုပ်ကမင်းရဲ့၅မိနစ်ထက်ပိုတန်ဖိုးရှိတယ် ။ မင်းသွားတော့ !"

" ကျနော်ပြောမှရမှာ ... အာ့ !"

တံခါးကိုဆွဲထားသည့်ကောင်လေး၏လက်မှာ အခန်းတံခါးအတင်းပိတ်နေသည့်လူကြီးကြောင့်ညှပ်သွားခဲ့ရသည်။အတော်ကိုနာသွားသည့်ကောင်လေးက တံခါညှပ်သွားသည့်လက်ကလေးကိုကောင် ရှုံ့မဲ့သည့်မျက်နှာငယ်လေးနှင့်ငိုမဲမဲ့ဖြစ်နေ၏။နုဖတ်လွန်းသည့်လက်ချောင်းတွေဖြစ်တာကြောင့် နီရဲကာသွေးချေလေပါဥနေ၏။

ကောင်လေး၏အော်သံကြောင့် လူကြီးကလှည့်ကြည့်လာပြီး...

" မင်းဘာဖြစ်လို့တံခါးကိုဆွဲထားတာလဲ !?"

" ဘားမှမဖြစ်ပါဘူး ။ အနှောက်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် "

" မင်းကငါ့အတွက်အမြဲတမ်းအနှောက်ယှက်ပဲ !"

"ဒုန်းးးးး !"

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now