အပိုင်း (၃)

3.7K 300 16
                                    

" ယားး Jungkook ah ! လက်ကဘယ်လိုဖြစ်လာတာလဲ ?"

" အချစ်ကပေးလိုက်တဲ့ဒဏ်ရာပေါ့ "

ညီအကိုတ၀မ်းကွဲတော်သူJimin၏အမေးကိုနောက်ပြောင်ကာဖြေဆိုမှုကြောင့် အပေါ်အကျီချွတ်နေရင်းနာနေသည့်လက်မောင်းပေါ်သို့လက်သံပြောင်လွန်းလှသည့်ရိုတ်ချက်ကကျရောက်လာသည်။ကောင်လေး၏မဲ့ရှုံ့သွားသည့်မျက်နှာလေးကနာကျင်သွားရသည်ကိုဖော်ပြလျက်။

" ဘာ အချစ်ဟုတ်လား ။ ကောင်မလေးတွေအထည်လဲတွဲနေတဲ့လူကအချစ်လို့ခံစားတက်တယ်လား ?"

Jimin၏ခပ်ရွဲ့ရွဲ့အမေးကြောင့်ထင်သည် ကောင်လေးကအကြည့်စူးစူးနှင့်လှည့်လာပြီး ...

" ဟွန်းး ဟျောင်းကလည်း ! Playboyလည်းလူပါဗျ ။ အသည်းနှလုံးပါတယ် ချစ်တက်တယ် "

" ဟား ဟားး ! ဟုတ်ပြီလေ ငါ့ကိုပြောပြ ။ ဘယ်သူလဲ ?"

ငယ်စဉ်ကတည်းကပင်ညီအစ်ကိုအရင်းလိုနေလာခဲ့ကြသူတွေမို့တယောက်နှင့်တယောက်အတွင်းရေးကျကျသူငယ်ချင်းလိုပေါင်းသင်းခဲ့ကြသည်။အသက်၈နှစ်ကွာသည့်ညီအစ်ကိုနှစ်ယောက်ကအများအမြင်မှာတော့သူငယ်ချင်းလိုဖြစ်နေကြပြန်သည်။

ဘေးတွင်ထိုင်နေသည့်Jiminကသိချင်စိတ်နှင့်မေးမိတော့ကာ ကောင်ငယ်လေးကစက်ခနဲဆိုသလိုခေါင်းလေးလှည့်လာပြီးမျက်မှောင်ကျုံ့ကာကြည့်လာသည်။

" အခုတော့ပြောလို့မရသေးဘူး ။ လျှို့ ဝှက် ချက် ။ ဘိုင့်ဘိုင် အိမ်ပြန်တော့မယ် "

စ နောက်ကာလှစ်ခနဲဆိုသလိုဆိုဖာပေါ်မှပြေးထွက်သွားသည့်ချာတိတ်ကလေး၏အပြုမှုကြောင့်Jiminဒေါသထွက်ကာကျန်ခဲ့ရသည်။ထို့နောက်မှာတော့ အသံစူးစူနှင့်Jimin၏အသံကအိမ်ထဲတွင်ဟိန်းထွက်လာခဲ့သည်။

" ယားး Jeon J K ! အဲ့ဒါဘယ်ပြေးသွားတာလဲ ?"

Jimin၏အိမ်သို့ခဏလာပြီးကလိကလိဖြစ်အောင်စ နောက်သွားသည့်ကောင်ငယ်လေးပါပဲ။အိမ်ထဲမှထွက်သွားပြီဖြစ်၍အခုနကလိုတန်ပြန်သံမကြားရတော့ပါ။ထိုနည်းတူစွာ အရင်ကထဲကအစအနောက်သန်သည့်Jungkookကြောင့် Jiminမှာအမြဲစိတ်တိုရသည်။သို့ပေမဲ့လည်း သည်းခံသည်။အရင်းနှီးဆုံးနှင့်အချစ်ဆုံးညီအကိုတွေဟူ၍Jungkookတယောက်သာရှိသောကြောင့်ဖြစ်သည်။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now