အပိုင်း (၅)

2.6K 232 15
                                    








" Jungkookkie ! ဓာတ်ပုံတွေရပြီ "

စက္ကူအိတ်လေးနှင့်ထုပ်ထားသည့်ဓာတ်ပုံအိတ်အထုပ်လေးအားခုံပေါ်သို့ပစ်တင်ပေးကာMonbyoulဆိုလာသည်။မှိုင်ထွေနေသည့်ကောင်လေးကတော့ ကော်ဖီဆိုင်အပြင်ဘက်သို့မှန်ချပ်မှတဆင့်ငေးကြည့်နေဆဲပင်။မရွှင်မပြုံးမျက်နှာလေးကစိတ်အခြေနေမကောင်းသည်ကိုဖော်ပြနေ၏။

" ပုံတွေထုပ်တာနင်လုပ်နေကြကိုထူးထူးဆန်းဆန်းငါ့ကိုဘာလို့လုပ်ခိုင်းတာလဲ ?"

" သူ့မှာချစ်သူရှိတယ် Monbyoul !"

အေးဆက်သည့်လေယူလေသိမ်းနှင့်ကောင်ငယ်လေးကမှန်ချပ်မှအကြည့်မခွာပဲပြောဆိုနေသည်။ကျောင်း၏ခပ်ဆိုးဆိုးကောင်လေးကမိန်းခလေးတွေအထည်လည်တွဲခဲ့ပြီးပျော်ရွှင်ခဲ့သလောက် ယခုတော့ကြေကွဲရိပ်ယောင်နှင့်၀မ်းနည်းနေ၏။၀၌ကြွေးထင်ပါရဲ့ ...

ကြိုတင်တွေးထာသည့်Monbyoulကတချက်ပြုံးသည်။ဒီခံစားချက်ကိုကောင်းကောင်းနားလည်သည့်သူမလေးအတွက်မထူးဆန်းတော့ပါ။

" အဲ့ဒါကြောင့်နင့်ကိုငါမေးခဲ့တယ်လေ ။ ဘယ်လိုခံစားနေရလဲ ?"

" ရင်ဘက်ထဲမှာတဆစ်ဆစ်နဲ့ ။ တဖက်သက်အချစ်အတွက်ခံစားချက်ကအဲ့လောက်ပြင်းထန်တယ်လား ?"

" အာညီးးး အဲ့ထက်ဆိုးရွားတယ် ။ ဘာပဲဖြစ်ဖြစ်ဖိုက်တင်း ! အခုမှအစပဲရှိသေးတာကို နင်ကပြိုလဲနေပြီလား ?"

" သူမကအရမ်းလှတယ် ။ ငါ့ထက်အများကြီးသာပြီးအရည်ချင်းလည်းရှိတယ် အဲ့ဒါကြောင့်သူကရွေးချယ်ခဲ့တာနေမယ် "

" နင့်ထက်သာတယ်လို့ဘယ်သူကပြောလဲ ။ သူကမိန်းမသားဖြစ်နေလို့တစ်ခုပဲသာလိမ့်မယ် အခြားနေရာမှာတော့နင့်ထက်သာချင်မှသာမှာ "

" ငါရှေ့ဆက်တို့ရမလား ဒီမှာပဲရပ်လိုက်ရမလား ?"

လေသံတို့ကအားနွဲ့နေသည်။ပထမဆုံးခြေလှမ်းမှာတင်မျှော်လင့်ချက်ရိုတ်ချိုးခံလိုက်ရသည့်ခံစားချက်ကြောင့်အမြင့်တနေရာမှပြုတ်ချတာထပ်ကိုနာကြင်ရ၏။လွန်ကျူးနေသည့်ခံစားချက်ကြောင့်ရှေ့တိုးရမလား နောက်ဆုတ်ရမလားမဝေခွဲတက်သည်အထိပင်။တည်ငြိမ်စွာနှင့်ဒီလူသားတယောက်ထဲကိုအချစ်တွေပုံအပ်ဖို့ကြိုးစားမိကာမှနှလုံးသားတွေအစိတ်စိတ်အမွှာမွှာခွဲအပ်ရပြန်ပါပြီ။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now