အပိုင်း (၁၉)

1.9K 194 7
                                    

မှောင်ရီစပြိုးလာသည့်အချိန်ညနေအချိန်လေးတွင် ဘိုးဘွားရိပ်သာ၏ခြံ၀န်းထဲမှဒန်းလေးပေါ်၌ သူငယ်ချင်းနှစ်ယောက်ကစကားဖောင်ဖွဲ့ကြနေရင်း...

" သူက Kim Taehyungလို့ထင်ရအောင်ကို တော်တော်တူတာပဲနော် "

" ဟင့်အင်း ! မတူဘူး ... Kim Taehyungမှာ ငါ့အတွက် အဲ့လောက်ထိနူးညံ့တဲ့အပြုံးတွေမရှိဘူး "

" နင်သူ့ကိုစိတ်ပျက်နေပြီလား ?"

" ငါကြောက်နေတာပါ ။ သူနဲ့ငါ့ကြားကဒီလိုပုံစံနဲ့ရှေ့ဆက်ရမဲ့နေ့ရက်တွေကို ငါအရမ်းကြောက်တယ် ဗြောလေး "

" ဒါဆို နင်ငါ့ကိုပြောခဲ့တဲ့အတိုင်း သူ့ကိုပြောပြလိုက်တော့ပေါ့ "

" အဲ့လောက်မလွယ်ဘူးလေကွာ !"

ခပ်ပြင်းပြင်းသက်ပြင်းလေးတစ်ခုပြုရင်းကောင်လေးကဆိုလာခဲ့သည်။ချစ်ခြင်းနှင့် လက်တွဲဖော်ကိုရွေးချယ်ခွင့်ခဲ့သည့်ကောင်လေး၏ဘ၀ဟာ အင်မတန်ကိုအကြည်းတန်လှပါသည်။

မည်သူမဆိုချစ်ရသူနှင့်အတူ ပေါင်းဖတ်ရဖို့အတွက်ဆုတောင်းပြုမိကြမည်ဖြစ်သည်။သို့ပေမဲ့ ကောင်လေး၏ဆုတောင်းမှာပြည့်ခဲ့ပေမဲ့ ကျိန်စာအဖြစ်သို့ပြောင်းလဲသွားခဲ့ရခြင်းဖြစ်၏။တဖက်သက်ခံစားနေရသည့်ကောင်လေး၏ခံစားချက်တွေဟာ တဖြေးဖြေးနှင့်ယိုင်နဲ့လာခဲ့ပြီး ထိုလူသားကိုအရှုံးပေးဖို့အတွက်စိတ်နှလုံးထဲကပင်ပန်းစွာတောင်းဆိုနေပြီဖြစ်သည်။

" ငါConvenient Storeကိုသွားပြီးဆေးနဲ့ပလာစတာ၀ယ်လာပေးမယ် အရူးမလေး !"

ကောင်မလေး၏ခြေဖနောက်အပေါ်နားလေးကသွေးစို့နေသည့်ဖိနပ်ပွန်းရာ‌လေးကို ကောင်လေးကမေးငေါ့ပြကာဆိုလာသည်။ထိုအခါ ကောင်မလေးကသူမ၏ခြေထောက်လေးအားပြန်ငုံ့ကြည့်ပြီး နှုတ်ခမ်းလေးဆူကာပြောလာ၏။

" အဲ့ဒါ နင့်ကြောင့်လေ ! ခရီးသွားရမယ်ဆိုတော့ လှလှလေးပြင်ပြီး‌ဖိနပ်အမြင့်စီးလာတာပေါ့ "

" အဲ့တော့ လှသွားလို့လား ?"

" အေး ... မလှတဲ့အပြင် နင့်ကိုပါကားမောင်းပြီးခေါ်လာရသေးတယ်လေ ... ကောင်စုတ်ရဲ့ !"

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now