အပိုင်း (၂၃)

2K 196 10
                                    

တစ်ပက်တာအချိန်များကုန်လွန်ခဲ့ပြီးသည့်နောက် ...

ထိုတစ်ပက်လုံးကောင်လေးနှင့်အတူထိုလူသားကပျော်ရွှင်ဖြတ်သန်းခဲ့ကြပေမဲ့လို့ နှစ်ဖက်စလုံး၏စိတ်သဘောပါခဲ့၍တော့မဟုတ်ခဲ့ပါချေ။တပက်လုံးရွာသွန်းနေခဲ့သည့်မိုးလည်းယခုအချိန်ထိပင်မဆည်းသေးပါ။

အတူဖြတ်သန်းခဲ့ရသည့်၇ရက်တာအချိန်မှာကောင်လေး၏နှုတ်ဖျားမှ "ခင်များကိုကျနော်အရမ်းချစ်တယ်" စကားစုကိုထိုလူသားအချိန်တိုင်းကြားနေရခဲ့ပြီး ကောင်ငယ်လေးကလည်းမရိုးအီသွားပဲရေရွတ်နေခဲ့၏။

အလွယ်တကူလက်လွှတ်လိုက်တာထက်စာလျှင် ချစ်တယ်တဖွဖွပြောပြီးဘယ်လောက်ချစ်ကြောင်းပြောနိုင်ခဲ့ပါက နောက်တကြိမ်ကံကြမ္မာကအခွင့်ရေးပေးလာခဲ့သည်ရှိသော် ဒီလူကအဲ့ဒီ့လူသားအတွက်နောက်တကြိမ်လည်းဖြစ်လာနိုင်သည်မဟုတ်လား ။ ထိုအတွေးနှင့်ကောင်လေးမှာဤသို့ပြုမူခဲ့၏။

သို့ပေမဲ့ တပက်တာကာလပြီးဆုံးသွားသည့်အခါမှာတော့ ...

" ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးပါ ... "

ရေချိုးပြီးခါစလူသားကဗီဒိုမှန်အရှေ့တွင်မှန်ကြည့်ပြီးအ၀တ်စား၀တ်နေ၏။ထိုလူသား၏နောက်ကျောမှ ကုတင်ပေါ်တွင်ထိုင်နေသည့်ကောင်လေးက‌အကျီ၀တ်ပြင်ဆင်နေသည့်လူသား၏အပြုမူကိုအစအဆုံးငေးကြည့်ရင်းရုတ်တရက်ထိုသို့ဆိုလာ၏။

" ဘာပြောလိုက်တာလဲ ဘေ ... Jungkook ?"

တပက်တာကာလမှာကောင်လေးကိုထိုလူသားခေါ်ခဲ့သည့်နာမ်စားမှာတော့"ဘေဘီ"ဖြစ်သည်။ဘေဘီဟုနှုတ်ဖျားမှထွက်ကျတော့မည့်နာမ်စားကိုသတိပြုမိပြီး နှုတ်ခမ်းကိုအမြန်ပြန်ပိတ်လိုက်သည့်အပြုမူကိုကောင်လေးကမြင်ဖြစ်အောင်မြင်လိုက်ပြီး ဟက်ခနဲတချက်ရီ၏။ထို့နောက် ကုတင်ပေါ်တွင်ထိုင်နေရာမှထလာပြီး ရှပ်အကျီကြယ်သီးတပ်နေသည့်လူသား၏လက်ထဲမှအကျီစကိုဆွဲယူပြီးကြယ်သီးတပ်ပေးခြင်းကိုစတင်သည်။

" ငါမေးတာဖြေ Jungkook !"

" ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီး ကျနော့်ကိုအပြီးအပိုင်ထားသွားလိုက်ပါ ။ လွယ်လွယ်လေးအပိုင်ယူခဲ့ပြီး လွယ်လွယ်လေးပဲစွန့်ပစ်လိုက်ပါတော့ ... "

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now