အပိုင်း (၁၀)

2.1K 196 20
                                    







Taehyung၏စေ့စပ်ပွဲမရောက်ခင်၃ရက်ခန့်အလိုက ...

" Jungkookkie ... !"

" ယားးး နောက်ကျလိုက်တာ ! ငါစောင့်နေတာနာရီ၀က်လောက်ရှိနေပြီ "

ချိန်းထားသည့်နေရာသို့ဗြောလေးကနောက်ကျမှရောက်လာ၍နှုတ်ခမ်းပါးပါးကနေပွစိပွစိနှင့်မကျေမချန်းပြောနေသည့်ကောင်လေးကယုန်ပေါက်စလေးအလား။မရှည်တဲ့စိတ်ကိုဆွဲဆန့်ကာသူတစ်ယောက်ထဲကော်ဖီ‌ဆိုင်မှာထိုင်စောင့်နေခဲ့ရသည်မှလည်းအမှန်တကယ်ပင်။မတွေ့ဖြစ်တာကြာပြီဖြစ်သည့်သူငယ်ချင်းကိုယခုပုံစံဖြင့်ကြိုဆိုလိုက်သည့်ကောင်လေးရယ်ပါ။

သူ၏မျက်နှာချက်းဆိုင်ခုံလေးမှာအပြေး၀င်ထိုင်လာသည့်ကောင်မလေးကအမောသကောနှင့်သူ့အားမျက်စောင်းထိုးကာစကားဆိုလာသည်။

" ငါနင့်ကိုပြောတယ်လေ အတန်းတက်နေပါတယ်လို့ ။ ဘာကိစ္စကြောင့်လောနေရတာလဲ ?"

" ငါသွားစရာတနေရာရှိလို့လိုက်ခဲ့ပေး "

" ဘယ်ကိုလဲ ?"

" ငါသူ့အတွက်၀ယ်ပေးချင်တာတစ်ခုရှိလို့ "

" စေ့စပ်ပွဲအတွက်လက်ဆောင်လား ?"

" အင်းပေါ့ !"

ခေါင်းတစက်စက်ငြိမ့်ပြလာသည့်ကောင်လေးကနာကြင်မှုတွေကင်းမဲ့နေပုံပါပဲ။ဒါဟာသူလိုလိုလားလားပေးချင်တဲ့လက်ဆောင်လို့အစကတည်းကတဖွဖွပြောခဲ့သည်မို့ဗြောလေးကမမေးပါပဲနှင့်တန်းသိသည်။ဘယ်အရာကိုပေးချင်လဲလို့မေးသည့်အခါမှာလည်းမပြောပါပဲလျှို့ဝှက်ချက်ဟုပြောခဲ့သည်မှာလည်းအခါခါ။ယခုတော့ထိုကောင်လေးမည်သည့်အရာ၀ယ်ပေးတော့မည်ဆိုတာဗြောလေးသိရပါတော့မည်။

ထိုကဲ့သို့ကဲသဲပြနေသည့်ကောင်လေးကို‌ခပ်ရွဲ့ရွဲ့မျက်နှာထားနှင့်ဗြောလေးကဆိုလာသည်။

" အဲ့လိုသာအရင်ကကောင်မလေးတွေကိုသဲသဲလှုပ်ချစ်ပြရင် အခုလောက်ဆိုနင်ဖူးဖူးမှုတ်ချစ်ခံရမှာ "

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now