အပိုင်း (၁၅)

2K 211 29
                                    

" အာ့ !"

ကားပေါ်မှအလောတကြီးဆင်းလာကာ ကောင်လေး၏လက်ကောက်၀တ်မှအတင်းဆွဲလာပြီး ဧည့်ခံထဲရောက်သည့်အခါဆိုဖာပေါ်သို့ဆွဲပစ်လိုက်သည့်အတွက် ကောင်လေးမှာဆိုဖာလက်ရမ်းနှင့်ခါးနှင့်စောင့်မိပြီးနာကြင်သွားရသည်။နာကြင်သွားရသည့်အတွက် ကောက်လေးကမျက်နှာလေးရှုံ့မဲ့ကာအသံသေးသေးထွက်လာရသည်အထိပင်။

" မင်းကငါ့ကိုရွဲတာလား ? ဟမ် Jeon Jungkook !"

ဧည့်ခန်းထဲမှဟိန်းထွက်လာသည့်အသံကြောင့်ထမင်းစားခန်းမှအာဂျီးမားကက်မ်ပါလန့်သွားခဲ့ရသည်။သူတို့နှစ်ဦး၏အခြေနေကိုအနည်းငယ်သိထားသည့်အာဂျီမားကင်မ်ကထမင်းစားခန်းမှထွက်မကြည့်ပါပဲ အသံတို့ကိုသာနားစွင့်နေ၏။

" ကျနော်နဲ့ဗြောလေးရဲ့ဆက်ဆံရေးကိုသိရက်သားနဲ့ အဲ့လိုတဖက်သက်မပြောနဲ့ !"

" ငါ့ရှေ့မှာကျမျက်ရည်ကျပြပြီး ငါ့နောက်ကွယ်မှာမင်းကမိန်းမတယောက်နဲ့ပျော်နေတာကို ငါစောက်လုံးနဲ့သေချာမြင်ခဲ့တာတောင် ... ငါကတဖက်သက်ပြောတယ်ပေါ့လေ !"

" ခင်များစိတ်ထဲမှာကျနော်မရှိပဲနဲ့ ဘာလို့ခင်များနဲ့ဆိုင်တဲ့လူလိုထိန်းချုပ်ချင်နေရတာလဲ ?"

အပြန်အလှန်အော်ဟစ်နေကြသည့်သူတို့နှစ်ဦးကြားမှာခက်ထန်လွန်းသည့်အခြေတွေကတစတစနဲ့ကြီးမားလာခဲ့သည်။တစ်ယောက်နှင့်တစ်ယောက်အလျှော့ပေးဖို့အတွက်မတွေးမိကြသလို တစ်ယောက်ကမီးတောက်ကဲ့သို့မျက်၀န်းများနှင့်ဒေါသရှေ့တန်းတင်နေသူနှင့် နောက်တယောက်မှာတော့မြိုသိပ်ထားသည့်ခံစားချက်တချို့ကိုပါဖွင့်ဟပြောဆိုနေသူဖြစ်သည်။

" ဆိုင်တာပေါ့ ... ငါ့ချစ်ရသူရဲ့နှလုံးကိုမင်းယူထားတားတာလေ !"

" ကျနော်ဘယ်လောက်ထိနာကြင်ရမှ ခင်များရဲ့အဲ့လိုလုပ်ရပ်တွေကိုရပ်ပေးမှာလဲ ? ခင်များကျနော့်ရဲ့နေရာမှာတစ်မိနစ်လောက်ပဲခဏနေကြည့်ပြီးတစ်ခါလောက်ပဲစာနာပေးရင် ကျနော်သေရလည်းဖြစ်တယ် "

" မင်းကိုဘယ်သူကသေခွင့်ပေးလို့လဲ ။ ပြီးတော့ Min Yoongiရဲ့အကြံနဲ့ငါ့အနားရောက်လာပြီးမှ မင်းကပဲနာကြင်နေတဲ့ပုံလုပ်ပြနေတာ ငါကတော့မင်းကိုအရမ်းရွံမိတယ် Jungkook !"

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedOnde as histórias ganham vida. Descobre agora