2•(ချစ်ခြင်းသစ္စာတို့ ခိုင်မြဲစေသား)

2.9K 246 7
                                    


လေအေးတချို့သာနေရာယူထားသည့်အခန်းငယ်လေးထဲ၌ ဆေးပိုက်သွယ်တန်းထားသည့်လက်ဖဝါးလေးကိုဆုပ်ကိုင်ရင်း ပြန်နိုးထလာဖို့အတွက်တောင်းဆိုနေသူကောင်လေးကို ကုတင်အထက်တွင်အေးချမ်းစွာအိပ်ပျော်နေသည့်လူသားလေးကလျစ်လျှူရှုထားလို့ရယ်။သို့ပေမဲ့ ထိုလူသား၏မျက်၀န်းမှကျဆင်းနေသည့်မျက်ရည်စီးကြောင်းလေူအား ကောင်ငယ်လေးကသတိမထားမိချေ။

" ခင်များကျနော့်ဆီကို တကယ်ပဲပြန်မလာတော့ဘူးလား ?"

ကျဆင်းနေသည့်မျက်ရည်ပူတွေသာခမ်းကုန်သွားလိမ့်မည် ထိုလူသားကတော့ပြန်ထမလာတော့ထင်ပါရဲ့ ယခုထိအိပ်ပျော်နေလို့ရယ်။တောင်းဆိုနေသည့်ကောင်လေးမှာလည်း ရှိုက်သံထွက်သည်အထိငိုရလွန်း၍မျက်၀န်းအိပ်ကပါတဆစ်ဆစ်နာကြင်လာရသည်အထိ။အနက်ရောင်စာအုပ်လေးနဲ့ ဓာတ်ပုံတချို့အား အိပ်ပျော်နေသည့်လူသား၏ခေါင်းအုံးဘေးမှာ သေသပ်စွာဖြင့်ထားထားပေးသည်။ထိုအရာဟာ သူပိုင်ဆိုင်သည့်အရာမဟုတ်လား။

" Jungkook ! ဆေးရုံရဲ့အမိန့်အရ ငါတို့သူ့ရဲ့အောက်စီဂျင်ပိုက်ဖြုတ်ရတော့မယ် "

" ဟင့်အင်း ! အောက်စီဂျင်ပိုက်ဖြုတ်လိုက်ရင် သူဘယ်လိုအသက်ရှုမလဲ ?"

" သူ့ကိုလွတ်လွတ်လပ်လပ်နဲ့ပေးသွားလိုက်ပါတော့ ... Jungkook ah !"

" မရဘူး !"

Jimin နှင့် Yoongiကအောက်စီဂျင်ပိုက်ဖြုတ်ဖို့အတွက်ချော့ပြောသော်လည်း ကောင်လေးကခွင့်မပြုချေ။အနှစ်နှစ် အလလ သူ့အားလူလိမ်လည်ပြီးထိုလူသားရဲ့အဝေးကိုပို့ထားခဲ့ရုံမက ယခုထိုလူသားကိုပါသူ့အနားကနေအပြီးအပိုင်အဝေးကိုပို့ဖို့ပြုလုပ်နေကြလေရဲ့။အသည်းနှလုံးမရှိကြတဲ့လူတွေ...။

Wangမှာတော့ သူတို့၃ယောက်၏အခြေနေကိုဘေးမှရပ်ကြည့်နေသည်။သူလည်းထိုအခြေနေကို မထိန်းချုပ်နိုင်ခဲ့ဘူးထင်ပါရဲ့။

" Jungkook "

" မကြားချင်ဘူး ... မပြောနဲ့ !"

" Wang ! အောက်စီဂျင်ပိုက်တွေဖြုတ်လိုက်တော့ ။ Jimin ! သူ့ကိုအခန်းအပြင်ကိုခေါ်သွား "

" Min Yoongi ... ခင်များ !"

" တောင်းပန်ပါတယ် Jungkook !"

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now