အပိုင်း (၁၆)

2K 217 25
                                    

" အာဂျီးမားကင်မ် ... သူမနတ်စာရောစားသွားရဲ့လား ?"

မနတ်ခင်းတစ်ခုကိုနာကြင်မှုစခဲ့ရသည့်ကောင်လေးက နာကြင်မှုများကိုဖြေဖျောက်ကာ မနတ်စာစားရန်အတွက်အောက်ဆင်းလာခဲ့ပြီးချစ်ရသူအားရှာမိပြန်တော့အရိပ်ယောင်တောင်မတွေ့ရပါချေ။ထို့ကြောင့်ထမင်းစားခန်းထဲသို့၀င်ပြီး ချစ်ရသူ၏ဝေယျာ၀တ်စတို့အား အာဂျီးမားကင်မ်ကိုလိုက်မေးနေတော့၏။

" မစားသွားဘူး အကိုလေးဂျွန် ။ အရေးကြီးကိစ္စရှိလို့တဲ့ အလောတကြီးထွက်သွားတယ် "

" ဟုတ်ပါပြီ ။ ကျနော်အားနည်းပြီးနေလို့မကောင်းလို့ Jiminnie hyungကိုဖုန်းဆက်ထားပေးပါအုံး ... ကျနော့်အခန်းထဲမှာပဲရှိနေမယ် "

" ဟုတ်ကဲ့ပါ အကိုလေးဂျွန် ။ မနတ်စာစားတော့ဘူးလားဟင် "

" ကျနော်ဗိုက်မဆာသေးလို့ပါ ။ Jiminnie hyungလာရင်အပေါ်ကိုလွှတ်လိုက်နော် "

" ဟုတ်ကဲ့ပါ "

အားနည်းနေသည့်သဘောလက္ခဏာတို့ဆောင်နေသည့်မျက်နှာငယ်ဟာဖြူဖတ်ဖြူရော်ဖြစ်လို့ရယ်။သူ၏အခြေနေကိုခန့်မှန်းမိသည့်ကောင်လေးမှာတော့ ဟန်အမူအရာမပျက်စေရန်ခန္ဓာကိုယ်အားထိန်းကာ ထမင်းစားခန်းမှဖြေးညှင်းစွာကျောခိုင်းထွက်ခဲ့သည်။စိတ်မကောင်းစွာရပ်ကြည့်နေခဲ့သည့် အာဂျီးမားကင်မ်မှာတော့ဘားမှမတက်နိုင်သည့်အခြေနေမို့ စိတ်မကောင်းဖြစ်ပေးရုံမှလွဲ၍သာ။

ကောင်ငယ်လေးအပေါ်ထပ်အခန်းသို့သွား၍နားနေသည့်အချိန်အနည်းငယ်ကြာပြီးနောက် Jiminရောက်လာခဲ့သည်။ထို့နောက် ကောင်လေး၏အခန်းထဲသို့၀င်လာခဲ့သည့်အခါမှာတော့ အဖြူရောင်စောင်ပုံထဲ‌တွင်ခွေခွေလေးအိပ်နေသည့်‌လူသားလေးကိုတွေ့မြင်ရ၏။

" Jungkook ah !"

သူ၏နာမည်ခေါ်သံကြားလိုက်သည့်ကောင်လေးကစောင်ပုံထဲမှထွက်ကာကုတင်စောင်းတွင်းခေါင်းအုံးခံကာကျောမှီထိုင်သည်။

" ရောက်လာတာမြန်သားပဲ "

" အင်း ငါဂျူတီမရှိလို့အာဂျီးမားကင်မ်ဖုန်းဆက်ပြီးပြီးချင်းပဲ ထွက်လာတာ ။ မင်းပုံစံကတော်တော်အားနည်းနေတာပဲ "

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now