အပိုင်း (၁၄)

1.9K 204 16
                                    

လူသားတွေကအားတင်းထားပြီးတော့ပြုံးလေ့ရှိကြတယ် အမှန်တရားကိုဖုံးကွယ်ပြီးတော့ ... သူတို့တကယ်ပျော်နေကြတဲ့ပုံစံတွေနဲ့ပေါ့လေ ။

အချစ်ဆိုတဲ့စကားလုံးလေးထဲမှာ
နာကြင်မှုတွေဖုံးကွယ်ထားရင်း ထာ၀ရအတွက်ဖြစ်တည်လာတဲ့အခါ ...

တချို့နေ့ရက်တွေမှာတွေးမိပါတယ်

ကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာမှာကျနော်တစ်ယောက်ထည်းကျန်ခဲ့တဲ့အခါ ခင်များကိုချစ်မိခဲ့တဲ့နေ့ရက်‌တွေကိုသေချာပေါက်လွမ်းနေမိမှာပါ ။

နာကြင်မှုနဲ့၀မ်းနည်းမှုတွကိုကျနော်ယဉ်ပါးလာတဲ့အခါ နာကြင်မှုနဲ့အဆုံးသတ်ကိုနောင်တရနေမိမယ်ထင်တယ် ။

#Jeon

~•~

နိုးထလာတဲ့နေ့သစ်တစ်နေ့ရဲ့မနတ်ခင်းနှင့်အတူ ဒီနေ့ကကျနော်တို့နှစ်ယောက်ရဲ့လက်ထပ်ခြင်း(၃)လပြည့်တဲ့နေ့လေးဖြစ်၏။တိုက်ဆိုင်စွာနှင့်ပဲဆိုင်သူထိုလူသားဟာလည်း ယနေ့မှDuty off၍အိမ်တွင်နားနေ၏။ကိုယ့်ဘက်ကသာအမှတ်တရနေ့ရက်တွေကိုပျော်ရွှင်နေပေမဲ့တဖက်ကလူသားကတော့ သူနှင့်မဆိုင်သလိုပါပဲတကယ်ကိုနေနိုင်လွန်းခဲ့ပြန်ပါတယ်။

ထိုလူသား၏စိတ်အလိုအရလက်ထပ်ထိမ်းမြားမဟုတ်ခဲ့သည့်အတွက်အမှတ်တရနေ့တွေကိုထိုလူသားကဂရုပြုနေမှာမဟုတ်ပါဘူး။ကိုယ့်အပေါ်ရက်စက်‌မှုတွေချည်းပဲပေးနေတဲ့ထိုလူသားရဲ့တချို့တချို့သောလုပ်ရက်တွေကတခါတလေမှာအတိုင်းထက်လွန်ပါတယ်။

ကိုယ့်လက်နဲ့ထိတွေကိုင်ကွယ်ပြီးသူစားစေဖို့အတွက်ရည်ရွယ်ပြီးချက်ပေးတဲ့အစားအစာကို သူကသွန်ပစ်လေ့ရှိတယ် ...

ကိုယ့်လက်နဲ့ထိတွေကိုင်ကွယ်ပြီးသူ၀တ်စေဖို့အတွက်ပြင်ဆင်ပေးတဲ့အ၀တ်အစားတစ်ချို့ကို သူကမီးရှို့ဖျက်စီပစ်လေ့ရှိတယ် ...

ကိုယ့်လက်နဲ့ထိတွေ့ကိုင်တွယ်ပြီးသူအသုံးပြုစေဖို့အတွက်၀ယ်ပေးတဲ့အသုံးအဆောင်တစ်ချို့ကို သူကမျက်စိရှေ့မှာတင်လွှင့်ပစ်လေ့ရှိတယ် ...

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now