အပိုင်း (၁၁)

2K 195 21
                                    





ကားမတော်တဆမှုကြောင့်
Kim Naeunသေဆုံးပြီး ၅လအကြာ

...

အချိန်မဟုတ်မဟုတ်ပါပဲရွာချလာသည့်မိုးဟာသည်းကြီးမည်းကြီးဖြင့်ရွာနေခဲ့သည်။လမ်းမအထက်သို့အားပြင်းစွာရွာနေသည့်မိုးများဟာအဖွေးသားဖြင့်...။အဝေးတနေရာကအရိပ်လေးတစ်ခုတောင်မမြင်ရသည်အထိသည်းကြီးမည်းကြီးရွာနေသည့်မိုးဟာအေးစက်စက်အငွှေ့အသက်တွေပါနေပေမဲ့ကောင်လေးတယောက်၏ရင်အစုံမှာတော့ပူလောင်လို့နေသည်။

မှောင်မိုတ်နေသည့်အခန်းငယ်တခုအတွင်းကောင်လေးတစ်ယောက်ကဒူးကိုပိုက်ပြီးထိုင်ကာလွှင့်နေသည့်စိတ်များနှင့်အတူမှန်ပြတင်းမှစီးကျနေသည့်မိုးရေများကိုငေးကြည့်နေခဲ့သည်။ဓာတ်တိုင်မှလာသည့်အလင်းရောင်ကပြတင်းပေါက်မှတ‌ဆင့်အခန်းထဲသို့ထိုးဖောက်၀င်နေသည့်အတွက်ကြောင့်မှန်ပြပြအလင်းရောင်ကြားကောင်လေး၏မျက်နှာပြင်ငယ်မှမျက်ရည်စီးကြောင်းကိုတလက်လက်ရွဲ့လဲ့နေစေသည်။ငိုလွန်းအားကြီး၍ခန္ဓာကိုယ်ငယ်လေးတုန်ယင်ကာရှိုက်သံသဲ့သဲ့ပါထွက်လာရသည်။

ချစ်ရသူကိုဆုံးရှုံးလိုက်ရသည့်ခံစားချက်ဟာရင်နှင့်မဆံ့အောင်ပြည့်လျှံလိုရယ်။ရွှန်းလဲ့လဲ့မျက်၀န်းအစုံမှချစ်ရသူပုံရိပ်ကိုမြင်ယောင်ရင်းကြေကွဲရိပ်ယောင်တွေထင်ဟက်နေ၏။နှုတ်ဆက်ခွင့်မရလိုက်ပဲထားသွားသူဟာယခုဆိုအေးချမ်းရာအရပ်မှာအနားယူလို့နေပြီဖြစ်သည်။ကျန်ခဲ့သူဒီလုမှာတော့ နောက်ဆုံးမြင်ခွင့်ရလိုသည့်မျက်နှာငယ်လေးကိုအကြိမ်ကြိမ်တွေးတောမိရင်းမချီမတင်ခံစားရသည်ဟာညတိုင်းလိုလိုပါပဲ။

သူမဟာနတ်သမီးတယောက်လိုအရမ်းကိုလှပသလိုစိတ်ထားပါအဖြူရောင်ကဲ့သို့စင်ကြယ်ဖြူစင်သည်မို့ ထိုမိန်းမလှလေးကောင်းကင်ဘုံမှာအေးချမ်းစွာနေထိုင်နိုင်မှာပါ။

အပိုင်ဖြစ်ပို့လပိုင်းအကြာမှာဒီလူကိုထားခဲ့တာ မင်းလေးအရမ်းဆိုးတယ် ကောင်မလေးရယ် ... ။

ပြန်လာပြီးကိုယ့်ကိုဆူပေးလို့မရဘူးလား

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now