အပိုင်း (၁၂)

2K 202 24
                                    







မိုးတွေဖွဲဖွဲရွာနေသည့်နေ့တနေ့မှာကောင်လေးနှစ်ယောက်၏လက်ထပ်ပွဲကျင်းပခဲ့ဖြစ်ကြသည်။ငွေရောင်လက်စွပ်ဆက်တူ၀တ်ဆင်ကာအနမ်းများဖလှယ်ခဲ့ကြ၏။လူအများကြားမှာအနတ်ရောင်၀တ်စုံအပြည့်နှင့်လူသားနှစ်ယောက်ကသတို့သားနှစ်ယောက်ဖြစ်ခဲ့ကြပေမဲ့ ပျော်ရွှင်ခြင်းတစုံတရာဟာသူတို့နှစ်ယောက်ကြားမှာမရှိခဲ့ပေ။နှစ်ဦးသဘောတူလက်ထပ်ဖြစ်ခဲ့ကြသည့်စုံတွဲမဟုတ်သည့်အတွက် မျက်နှာပေါ်ကအပြုံးတချို့ကတော့အတုယောင်သာဖြစ်နေခဲ့၏။

ချစ်ခြင်းမေတ္တာတစုံတရာမပါ၀င်ခဲ့သည့်လက်ထပ်ထက်ပွဲက ၀၌ကြွေးအရပေးခြင်းတစ်ခုသာဖြစ်သည်။

တစ်စုံတစ်ရာရယူခဲ့၍တစ်တစ်စုံရာပြန်ပေးဆပ်ရတာဟာလူ့သဘာ၀အလိုကျပါ။

အချစ်ပေးပြီးအချစ်ပြန်မရခဲ့တာကတော့ချို့ယွင်းချက်တစ်ခုပါလေ ... ဒီလူသားကိုချစ်လို့အပိုင်သိမ်းမယ်လို့စိတ်ကူးလေးနဲနဲနဲ့တောင်မပြစ်မှားမိတဲ့အဖြူဖြူထည်သက်သက်မေတ္တာတွေကို ရယူဖို့မကြိုးစားရင်နေပါ ပစ်ပယ်ခြင်းခံလိုက်ရတဲ့ရင်အစုံကဟက်တက်ကွဲပြီးသွေးအလိမ့်လိမ့်ထွက်နေခဲ့တာကိုတော့စာနာခဲ့သင့်တယ်မဟုတ်လား ။

မျော်လင့်ချက်တွေမထားခဲ့ဘူး

ပြန်ချစ်ပါလို့မတောင်းဆိုခဲ့ဘူး

မထားသွားပါနဲ့လို့တားပိုင်ခွင့်မရှိခဲ့ဘူး

ချစ်‌ခြင်းမေတ္တာအပြည့်နဲ့ဒီလူရဲ့ရပ်၀န်းနယ်ပယ်မှာအချစ်ပဲတက်နိုင်ခဲ့တယ် ...

ချစ်တယ်လို့နှုတ်ဖျားကရွတ်ဆိုခွင့်ပဲရှိခဲ့တာ

လွမ်းတယ်လို့တမ်းတနေခွင့်ပဲရှိခဲ့တာ

ပျော်ရွှင်ပါစေလို့ဆုတောင်ပေးနိုင်ခွင့်ပဲရှိခဲ့တာ ။

အကြိမ်ကြိမ်အရှုံးပေးနေခဲ့တာအရမ်းမိနေလို့ ... နာကြင်နေရရင်တောင်အပြုံး‌တုတွေနဲ့ဟန်ဆောင်ပြုံးပြဖြစ်ခဲ့တဲ့နေ့ရက်တွေကလက်ချိုးရေလို့တောင်မရခဲ့ဘူး ။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now