အပိုင်း (၈)

2.1K 210 14
                                    






ကျနော်ကကအမှောင်ထဲကလူပါ။
တစ်ယောက်ယောက်က အလင်းရောင်လာပေးပြီး ကျနော့်ကိုထားခဲ့ကိုကြောက်နေခဲ့တာ။

တစ်နေ့တစ်နေ့ ဘာလုပ်ဖို့ ရှင်သန်နေမှန်းမသိဘဲစမ်းတဝါးဝါးလျှောက်နေရတဲ့ကျနော့်ဘဝထဲမှာခင်များဆိုတဲ့နှင်းဆီပန်းလေးတစ်ပွင့်သွားတွေ့တယ်။

တစိမ့်စိမ့်ငေးရလောက်အောင်လှပေမယ့်
ခင်များမှာ ဆူးတွေနဲ့ လေ။

အနားရောက်လာရင် စူးမယ်မှန်းသိလို့ ကျနော်ကအဲ့ဒီနှင်းဆီလေးဆီကနေ မကြာခဏထွက်ပြေးမိတယ်။သူ့ဆီသွားမိလိုက်ထွက်ပြေးလိုက်နဲ့ လုပ်နေတုန်းမှာမွှေးတဲ့ရနံ့နဲ့ရော ၊ နူးညံ့နွေးထွေးတဲ့အဆင်းနဲ့ပါ သူကကျနော့်ကို ပြန်ပြန်ခေါ်တယ်။

တစ်ချိန်လုံး နာကျင်ပြိုလဲနေပါလျက်နဲ့ပျော်သယောင်ယောင် ဟန်လုပ်နေရာကနေ သူ့အငွေ့အသက်ကလေးများရလိုက်ရင်တောင်မျက်ရည်မိုးတွေပြိုလာတဲ့အထိ။

အရှိကိုအရှိအတိုင်းနေထိုင်ဖို့ ပျော်ရွှင်စရာတွေရှိရင် စိတ်လိုလက်ရပျော်လိုက်ဖို့နဲ့ငိုချင်တဲ့အခါ အားပါးတရငိုချလိုက်ဖို့ အဲ့ဒီလူသားကသင်ပေးတတ်တယ်။တမြည့်မြည့်နဲ့ပူဆွေးနေမယ့်အစား အဆင်ပြေဖူးတဲ့အချိန်လေးတွေအကြောင်းတွေးပြီး စိတ်သက်သာစေဖို့ လမ်းညွှန်တတ်ပြန်တယ်။

ဒီလူမှာကတော့အများနားမလည်နိုင်တဲ့ အတွင်းကြေဒဏ်ရာတွေ တစ်ပုံကြီး။ဘယ်အချိန်မှာပြန်ထပြီး ထိုးနှက်မလဲမသိတဲ့ စိတ်ရဲ့မကောင်းဆိုးဝါးတွေကို အချိန်တိုင်းနီးပါးဖြိုလှဲထားရတာလည်းသိပ်ကိုပင်ပန်းလွန်းလှပါတယ်။

အံ့သြလောက်စရာပါပဲ။

စိတ်အခြေအနေမကောင်းတိုင်းမှာကျနော့်စိတ်ဒဏ်ရာတိုင်းကိုသူ့အပြုံးလေးတွေနဲ့အရှက်မရှိပြန်ဖုံးမိပြန်တယ်။

ဖွဖွလေးပြုံးပြလည်း ကမ္ဘာကြီးကို အပိုင်ရသလိုပဲ။ဘယ်လောက်ပဲ သေးငယ်နေပါစေ,သူလုပ်သမျှအရာရာက ကြည်နူးစရာပဲ။တွယ်တာရာမထားတတ်ခဲ့တဲ့ကျနော့်ကိုခင်များကမသိမသာလေးချည်နှောင်သွားခဲ့တာ။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now