အပိုင်း (၂၆)

2.2K 187 18
                                    

" ကျနော်ဘာလို့ဒီကိုရောက်နေရတာလဲ ?"

" စိတ်လျှော့ပါ ! ကိုယ်မင်းကိုထိခိုက်စေမဲ့အပြုမူမျိုး ဘာတစ်ခုမှမလုပ်ဘူး "

အိပ်ယာပေါ်မှကောင်လေးကစောင်ပုံကြားထဲထိုင်ရင်ရန်တွေ့နေပေမဲ့ တလှပ်လှပ်လှုပ်ခါနေသည့်လိုက်ကာအဖြူတွေကြားမြင်နေရသည့်အပြင်လောကကို ပြင်တင်းပေါက်နားမှတဆင့်ရပ်ကာငေးကြည့်ပြီးပြောနေသည့်လူကြီး၏အသံတို့အေးစက်စွာ။ထိုလူသားက Min Yoongiဆိုသူဖြစ်သည်။သူ၏ကြမ်းတမ်းသည့်စိတ်နေစိတ်ထားနှင့်မလိုက်ဖက်စွာ အေးဆေးပြောနေသည့်ပုံစံကအလွန့်အလွန်ကိုစက်စုတ်ဖွယ်ကောင်းနေပြန်သည်။

" ဒီနေရာကဘယ်နေရာလဲ ?"

" Germany ... ကိုယ်မင်းကို Germanyကိုခေါ်လာခဲ့တာ !" "

" ဘာပြောတယ် !?"

ကောင်လေး၏အာခေါင်ခြစ်အော်သံကြောင့်သူကရယ်သည်။မထိပြုံးနဲ့ပါပေါ့...သူ့ကိုဆိုလျှင်စပ်စပ်ထိမခံပါပဲ ထိုကောင်လေးကပြစ်ပြစ်ခါငြင်းပယ်လေ့ရှိသည်။

အခန်းအပြင်အဆင်မှာထူးဆန်းနေပြီးပုံမှန်မဟုတ်တဲ့အာရုံခံစားမှုကြောင့်မေးလိုက်မိ၏။ထင်ထားသလိုမျိုးတခြားနိုင်ငံသို့ရောက်ရှိနေသည့်အပြင် ထိုနိုင်ကကိုရီးယားနှင့်အတော်ကိုအလှမ်းဝေးလွန်းသည်။မေ့မျောနေသည့်အချိန်တခဏအတွင်းမှာပြောင်းလဲသွားသည့်အခြေနေများကမယုံနိုင်စရာအတိ။

" မလန့်သွားနဲ့ Jungkook ! ဒီ့ထက်ထိပ်လန့်စရာတွေကိုမင်းကြုံရအုံးမှာ ။ ဆိုတော့ အခုပြင်ဆင်ထားအုံးပေါ့ "

ထိုသို့ပြောကာ အသားအရေဖြူစုပ်စုပ်နှင့်လူသား Min Yoongiကခပ်သွက်သွက်ခြေလှမ်းတို့နှင့်အခန်းထဲမှထွက်သွားခဲ့သည်။အခန်းငယ်ထဲကျန်ခဲ့သည့်ကောင်လေး၏စိတ်အခြေနေတို့ကဂယောက်ဂယ်ထကာပူဆွေးသောကရောက်နေမည်ကိုလည်း သူသိသည်။သို့ပေမဲ့ ဒါသည်သူလုပ်ကိုလုပ်ရမည်Taehyung၏ တောင်းဆိုချက်ဖြစ်သည်။

လွန်ခဲ့သော တစ်လခန့်က  ...

[ Ting ... ]

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now