အပိုင်း (၉)

2K 195 5
                                    





အပြုံးလေးတခုကိုမြင်လိုက်တိုင်းနာကြင်ရသမျှကလျော့ပါးသွားတယ်ဆိုရင်ခင်များလက်ခံမလား...။

ယုံတမ်းပုံပြင်တွေမဟုတ်တဲ့"မြင်မြင်ချင်းအချစ်"ဆိုတာကခင်များနဲ့တွေကကျနော်လည်းယုံကြည်လာခဲ့တာ။အဲ့လိုပဲ ခင်များဆီကရလာတဲ့နာကြင်မှုတွေကို ခင်များရဲ့အပြုံးနဲ့ပြန်ပြီးဖြေဖျောက်ရခဲ့တာပဲလေ။

ချစ်ချင်းမေတ္တာဟာစေတနာဖြစ်တယ်...။
မေတ္တာစေတနာချည်းပဲဒီလူကပေးနိုင်လို့ တခါတလေမှာတော့အရှက်မရှိမျှော်လင့်မိပါသေးတယ်။အပြင်ကသွေးထွက်ဒဏ်ရာကအစ ရင်ဘက်ထဲကနာကြင်မှုအဆုံး ခင်များကိုပြောပြပြီးမေတ္တာတွေလိုချင်ခဲ့တာ။

ပြန်ချစ်ပေးပါလို့တောင်းတလို့မရတာသိပေမဲ့ လွယ်လွယ်ကူကူလက်ခံလို့မဖြစ်နိုင်တဲ့အခြေနေကျတော့ ရူးမတက်ခံစားရပါတယ်...။

စချစ်မိတယ်ဆိုထဲကပြန်ချစ်လာဖို့အတွက် အနည်းနဲ့အများတော့မျှော်လင့်မိကြတာပဲ။မျှော်လင့်သလိုအမှန်တကယ်ဖြစ်မလာတော့တဲ့အခါ ကံကိုသာအပြစ်ပုံလိုက်ချတယ်။ပြီးတော့ခေါင်းစဉ်တပ်တယ် ၀၌ကြွေးတဲ့...

အဲ့ဒီ့လူသားကိုမျက်၀န်းလေးနဲ့ငေးကြည့်နေရဖို့အတွက်ပေးဆက်လိုက်တဲ့အထဲမှာ အချစ်တွေက၈၀%ပါတယ်...ကျန်တဲ့၂၀%ကနာကြင်မှုပေါ့။

စချစ်ထဲကတဖက်အချစ်ဖြစ်ဖို့မရည်ရွယ်ခဲ့ပါဘူး။အသိနောက်ကျပြီးမှဆိုင်သူရှိမှန်းသိပြန်တော့ ပြန်နှုတ်မရတဲ့အချစ်တွေနဲ့ရင်အစုံဟာခင်များတစ်ယောက်ထဲအတွက် တဒုတ်ဒုတ်မြည်အောင်ခုန်နေခဲ့တာ။

ကိုယ့်အတွက်လို့ထင်ခဲ့ပြီးဖတ်တွယ်ခဲ့ပေမဲ့ အနားရောက်သွားမှကိုယ်နဲ့မအပ်စပ်မှန်းသိလိုက်ရတဲ့အခါ ဘယ်လောက်ပဲသဘောကျပါစေ ငေးကြည့်ခွင့်သာရှိတဲ့ဖြစ်ရပ်တွေဟာ သေလောက်ပအာင်နာကြင်ရတဲ့အခိုက်အတန့်တွေပါပဲ။

ဖွင့်ပြောလိုက်ချင်ပေမဲ့ ဟန့်တားနေတဲ့အခြေနေတွေကလှောင်ပြောင်လာတဲ့အခါ ဂျောင်ပိတ်ရိုတ်ခံရတဲ့အခြေနေလိုပဲ။ရုန်းလေ ပိုအထိနာလေ...။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now