အပိုင်း (၂၇) + ဇတ်သိမ်း

5.4K 227 24
                                    

after 5 years later ...

Germanyနိုင်ငံ၏ဆောင်ရာသီဟာ ရေခဲတမျှအေးဆက်ပြီး အနုတ်ပြသည်အထိကိုအေးလွန်းသည့်ရာသီတစ်ခုဖြစ်သည်။
အိမ်ခေါင်မိုးပေါ်မှာဖြူဖွေးနေသည့်နှင်းမှုန်များက ခြံ၀န်းအတွင်းထဲမှာပါအပြည့်နေရာယူထားသောကြောင့် နေရာတိုင်းလိုလိုမှာဖြူဖွေးဖွေးနှင်းတို့ကိုသာမြင်ရ၏။

ထိုအေးမြသောအချိန်တွင် လူခြေတိတ်ရပ်ကွက်မှအိမ်တစ်ခုမှာတော့ ဆူညံလို့နေ၏။

" Jungkook ‌ah ! ပြင်ဆင်လို့ပြီးပြီလား ?"

" ပြီးပြီး hyung ya !"

ကောင်လေး၏ Graduation dayမို့ကံကံရှင်ဖြစ်သူကမလောရပါပဲ ဘေးနားမှအကိုဖြစ်သူJimin၏ပေါက်ပေါက်ဖောက်သလို အလောတကြီးပြောနေသံတို့ကဆူညံစွာဖြင့်။

" ပြီးရင်မြန်မြန်လာ Jungkook ! နောက်ကျနေမယ် "

Jimin၏‌ပေါက်ပေါက်ဖောက်သံတအိမ်လုံးကိုဆူညံနေရုံမကပဲ ‌သူ၏ယောကျာ်းဖြစ်သူ Jeon Minhyuckကပါ၀င်ပြောလာသည့်အခါမှာတော့ ကောင်လေးမှာကုက်ကျီအားသေချာစွာ၀တ်ဆင်ပြီးအခန်းထဲမှထွက်လာခဲ့သည်။အခန်းအပြင်သို့ရောက်သည့်အခါ Jiminကိုသူ၏အကိုဖြစ်သူကဖိနပ်ကြိုးချည်းပေးနေသည်တဲ့။ထိုစုံတွဲ၏တယောက်နှင့်တယောက်ကြင်နာယုယမှုကစံထားလောက်စရာပါပဲ။

ထိုမြင်ကွင်းကတစ်စုံတစ်ယောက်အားသတိရစေပြန်တော့ ကောင်လေး၏ရင်အစုံမှာစူးခနဲ။

" ကျနော်ပြီးပြီ hyung ! Jayလေးမနိုးခင်သွားရအောင် "

" Ok သွားကြမယ် ။ ကိုယ်ကလေးကိုချီမယ် ပေး "

" ရပါတယ် မောင်ပဲချီလိုက်ပါ့မယ် !"

ထိုသို့သူချီမယ်ငါချီမယ်နှင့်ငြင်းနေကြသည့်စုံတွဲအားလျစ်လျှုရှုကာ ကောင်လေးကခြံထဲရှိကားထားသည့်နေရာသို့ထွက်လာခဲ့၏။ထိုစုံတွဲ၏ချစ်နေကြသည့်မြင်ကွင်းက သူ၏ရင်အစုံအားအဆမတန်နာကြင်စေသည့်အတွက်ပင်။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now