အပိုင်း (၆)

2.3K 231 22
                                    




" အခုရက်ပိုင်းမှနှလုံးကအောင့်လာတာလား ?"

မိသားစုဆရာ၀န်ဖြစ်သည့်ဒေါက်တာချွဲ၏မေးခွန်းစကားဖြစ်သည်။ကုတင်အထက်တွင်ခေါင်းရင်းပိုင်းကိုခေါင်းအုံးခံ၍ ကျောမှီကာထိုင်နေသည့်ကောင်ငယ်လေးဟာမျင်နှာငယ်ညှိုးနွမ်းလျက်ပင်။မွေးရာပါနှလုံးအားနည်းသည့်ကလေးတယောက်​​ဖြစ်ခဲ့သည်မို့ အချိန်မတန်ပဲဘယ်အချိန်သေဆုံးရမည်ဆိုတာကိုမသိပါပဲလောကကြီးအားအရွဲ့တိုက်နေခဲ့သည့်ကောင်ငယ်လေးရယ်ပါ။

" Jungkook ! ဒေါက်တာချွဲမေးနေတယ်လေ "

အကိုဖြစ်သူJeon Minhyuch၏အသံကြောင့်ထင်သည် မှိုင်ထွေနေသည့်ကောင်ငယ်လေးကမျက်နှာငယ်နှင့်မော့ကြည့်လာ၏။ပြီးနောက် အသက်မပါသည့်အပြုံးတခုကမျက်နှာပြင်အထက်တွဲခိုလို့လာပြန်သည်။

" မသေနိုင်သေးဘူးမလား ? ခါတိုင်းလိုဆေးပေးပြီးရင်ပြန်လို့ရပါပြီ ဒေါက်တာချွဲ "

" မဟုတ်သေးဘူး Jungkook ah ! နှလုံးအစားထိုးဖို့အတွက် ..... "

" ထွက်သွားပေးပါ ... နှစ်ယောက်လုံးပဲ !"

ကောင်ငယ်လေး၏အပြုအမူအပြောအဆိုကြောင့်ဒေါက်တာချွဲကမသိမသာလေးသက်ပြင်းရေးရေးလေတခုပြုသည်။ဒီကောင်လေးဟာအမြဲတစေနှလုံးအစားထိုးခွဲစိတ်ခြင်းကိုငြင်းပယ်ခဲ့ပါသည်။

ပြောနေကျစကားတခွန်းလေးရှိသည်။
" သေမထူးနေမထူးမို့ သေလမ်းကိုပဲရွေးချယ်မှာပါ "တဲ့လေ။ခေါင်းကြောမာလွန်းသည့်ထိုကောင်လေးဟာမည်သူ့စကားကိုမှနားထဲအဝင်မခံခဲ့ပါ။မွေးစားသားအကိုဖြစ်သူ၏စကားကိုလည်းအရေးထားခြင်းမပြုခဲ့ပါ။ခင်တွယ်စရာမိဘတွေမရှိတောသည်မို့ဆိုးချင်တိုင်းဆိုးပြီးစိတ်ရှိရာသာလေးလွင့်နေခဲ့၏။

စောင်ကိုခေါင်းအထိလုံအောင်ခြုံပြီးတဖတ်သို့လှည့်အိပ်နေခဲ့သည်။ထို့နောက်မှာတော့ဒေါက်တာချွဲဟာလက်လျှော့ပြီးပြန်သွားရပြန်ပါ​ပြီ။ဘယ်နှကြိမ်ဘယ်နှခါမှန်းမသိတဲ့ ဒေါက်တာချွဲ၏လပ်လျှော့ခြင်းဖြစ်သည်။

ကိုယ့်ဘဝကိုယ်စိတ်ပျက်နေသည်ခံစားချက်ထက်စိတ်ပျက်ဖို့ကောင်းတဲ့အရာရှိပါ့အုံးမလား။၁၈နှစ်အရွယ် ဆယ်ကျော်သက်လူငယ်ဘဝဟာသူငယ်ချင်းတစ်စုကြီးနှင့်ပျော်ပျော်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းရမည့်အရွယ်ပင်ဖြစ်သည်။ထိုကောင်ငယ်အတွက်ထိုကဲ့သို့ကံဇာတာမပါလာခဲ့ဘူးထင်ပါရဲ့...စိတ်ပျက်ခြင်းနှင့်အတူနိုးထလာတဲ့မနတ်ခင်းတွေဟာ၃၆၅ရက်မကတော့ပါ။သို့ပေမဲ့ခံစားချက်တွေမြိုသိပ်ထားခဲ့ရပြီးစိတ်စေရာအရပ်သို့နေထိုင်သွားဖို့ရာဖြစ်လာခဲ့၏။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now