1.( ချစ်ခြင်းသစ္စာတို့ ခိုင်မြဲစေသား )

2.4K 183 15
                                    

ဟိုးအဝေးကပျံသန်းနေတဲ့ငှက်‌ငယ်တွေလို တစ်ခါတစ်ရံမှာဒီလူသားလည်း လွတ်လပ်စွာပျံသန်းချင်မိပါရဲ့...။
အချစ်ဆိုတဲ့အရာကြောင့် ပင်ပန်းခဲ့သမျှဟာ ... အဆုံးမှာတော့ နောင်တတွေအဖြစ်သာကျန်ရစ်ခဲ့ပါတယ် ငယ်။

မချစ်မိခဲ့ရင်ကောင်သားလို့ တွေးမိပါရဲ့...
သို့ပေမဲ့ ယခုထိစွဲလမ်းနေတဲ့ ဒီလူရဲ့နှလုံးသားက တောင်းတနေသေးတော့ခက်ပြန်ပါပြီ။ချစ်တယ်လို့အကြိမ်ကြိမ်ရေရွတ်ခဲ့မိတော့ တန်ဖိုးမဲ့လွန်းနေခဲ့တယ်ထင်ပါရဲ့။

မဖြစ်သင့်တဲ့အချစ်လို့ သူအကြိမ်ကြိမ်ပြောပြီး ဒီလူကိုဥပစ္ခာပြုခဲ့တာ။မချစ်နိုင်ဘူးလို့ သူအကြိမ်ကြိမ်ငြင်းခဲ့တာ။သို့ပေမဲ့ ဒီလူကမြူမှုတ်တစ်စလောက်တောင် ငြိုငြင်ခြင်းမပြုခဲ့ပါလေ။

သိပ်ချစ်မိလို့ အလျှော့ပေးခဲ့သော်လည်း...

ဒီလူဟာကျန်ရစ်ခဲ့သူဖြစ်ရပြန်တယ်။

သို့ပေမဲ့လည်း...
ဒီလူကချစ်မြဲတမ်းသာ။

•••

မကြာသေးခင်ကမှပြန်လည်တွေဆုံခဲ့သည့်ချစ်ရသူဟာနောက်နေ့တွင် အလုပ်ကိစ္စအကြောင်းပြု၍ ကိုရီးယားသို့ပြန်သွားခဲ့သည်။ထို့အတွက် မှန်ချပ်မှတဆင့်အပြင်လောသို့အငေးတိုက်ရင်း ကောင်လေးကချစ်ရသူကိုလွမ်းနေရှာ၏။

" Jungkook ! လေယာဉ်ထွက်ခါနီးပြီ ၀င်ကြတော့မယ်လေ "

အပြင်သို့‌အငေးတိုက်နေသည့်ကောင်လေးအား ပခုံးမှလှုပ်ကိုင်ကာMinhyuckကသတိပေးတော့ သူ့အမော့ကြည့်လို့လာသည်။ကောင်လေးက လသားကလေးအားချီထားသည့်အကိုဖြစ်သူအားပြုံးပြီ ထိုင်နေရာမှထလာပြီး...

" အင်း ! သွားကြရအောင် "

ထိုသို့နှင့် ဂျာမနီမှကိုရီးယားသို့သွားမည့်လေယာဉ်ဆီသို့ ညီအကိုနှစ်ယောက်ထွက်လာခဲ့ကြ၏။

Min Yoongi နှင့် Park Jiminကကိုရီယားသို့ပြန်သွားခဲ့သည်မှာတစ်ပက်ကျော်ကြာခဲ့ပြီဖြစ်သည်။အကြောင်းအရင်းမှာတော့ ကိုရီယားတွင်ရှိသည့်ဆေးရုံမှဆင့်ခေါ်သိသည်ဟု ကောင်လေးကသိထားခဲ့သည်။တကယ့်အစစ်အမှန်အကြောင်းအရာကို ကောင်လေးမှလွဲ၍ အကုန်လုံးကသိထားပြီးလျက်ပါ။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedOn viuen les histories. Descobreix ara