အပိုင်း (၇)

2.1K 203 7
                                    






" ဆေးထည့်ပြီးပတ်တီးစီးပေးထားခဲ့တယ် ။ အခုတော့အိပ်ပျော်သွားလို့ နိုးလာရင်တစ်ခုခုကျွေးပြီးဆေးတိုတ်လိုက်ပါ !"

" ဟုတ်ကဲ့ ဟျောင်းး ။ ကျနော်လိုက်ပို့ရမလား ?"

" ဟင့်အင်း သူ့ကိုပဲစောင့်ကြည့်နေပါ ။ ဟျောင်းးအိမ်ရောက်ရင်စာပို့လိုက်မယ် "

" ဟုတ် !!'

ပွန်းပဲ့သွားသည့်ခြေထောက်ဒဏ်ရာတို့အားဆေးထည့်ပေးကာပတ်တီးစီးပေးခဲ့၏။ကောင်ငယ်လေးထိုကဲ့သို့အသေအချာအိပ်ပျော်သွားအောင်မည်ကဲ့သို့ချော့မော့ခဲ့ရသည်မှာJiminပင်အသိဆုံးဖြစ်ပါလိမ့်မည်။

ခြေထောက်ဒဏ်ရာများနဲ့ကောင်ငယ်လေးကိုဂုန်းပိုးကာအိမ်သို့ခေါ်လာပြီး အငိုမရပ်ပါပဲ"ကျနော်ကအစထဲကရှုံးနေပြီးသား"ဟုသည့်စကားကိုအပ်ကြောင်းထပ်အောင်ပြောနေခဲ့၏။မည်သူ့ကိုမှခံစားချက်မပါပဲမိန်းကလေးများကိုအပျော်တွဲပြီးဖြတ်သန်းခဲ့သည့်လူသားလေးက ယခုတော့တဖက်သတ်အချစ်ကြောင့်အလူးအလဲခံစားရနေပြီဖြစ်သည်။

ဤသည်က၀၌ကြွေးဟုဆိုရမလား ...

တဖတ်သက်အချစ်မှာကပ်ပါလာတဲ့ပင်ပန်းမှုတွေ ၊ နာကြင်မှုတွေဟာရင်ထဲပြည့်နှပ်ပြီးရင်၀သို့တဖြေးဖြေးရောက်ရှိလာတဲ့အခါ ၀မ်းနည်းမှုကိုမြိုသိပ်မထားနိုင်တော့ပဲ မျက်ရည်ကြည်အချစ်အဖြစ်ပြောင်းလဲကြတယ်။ရှိုက်ကြီးတငင်ငိုချမိလိုက်သည့်အခါမှာတော့ ၀မ်းနည်းမှုဟာမဆိုသလောက်လျော့ပါသွားရ၏။

ဤသည်က၀မ်းနည်းကြေကွဲခြင်းဖြစ်၏။

အခန်းငယ်ထဲမှကောင်ငယ်လေးတယောက်ဟာ ကုတင်အထတ်‌တွင်ဒူးကိုပိုက်၍ထိုင်နေပြီး လက်မမှလက်သည်းကိုအသံထွက်သည်အထိကိုက်ဆွဲနေသည်။မျက်၀န်းမှမျက်ရည်ကြည်ပူပူနွေးနွေးတိုဟာပါးပေါ်မှတစ်ဆင့်‌လိမ့်ဆင်းလာပြီးလည်ပင်းသားတွေမှာအရွဲသားဖြစ်နေ၏။

လေတိုးဝှေ့တိုင်းတလှပ်လှပ်လွှင့်နေသည့်လိုက်ကာစအမဲရောင်နှင့် လေထုအေးအေးကသာအဖော်အဖြစ်ရှိနေသည်။ငိုလွန်းအားကြီး၍ရှိုက်သံတွေဟာအခန်းထဲပဲ့တင်သံထပ်လာသည်။ဒူးကိုပိုက်ထားသည့်လက်များကိုဖြည်ချပြီးစောင်အဖြူဖွေးဖွေးတို့ကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး ထိုင်လျက်အနေထားနှင့်ကိုယ်ကိုကိုင်းကာမျက်နှာအပ်လိုက်သည်။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now