အပိုင်း (၂၁)

2.2K 188 17
                                    

" ယားးး Kim Taehyung !"

အရေးပေါ်ကုသဆောင်၏ကောင်တာမှဟိန်းခနဲထွက်လာသည့်အသံဖြစ်သည်။ထိုကောင်တာ၏အနီးအနားတွင်ရှိသည့်အရေးပေါ်ခွဲစိတ်ခန်း၏အရှေ့မှ သွေးပျက်နေသည့်လူသားမှာတော့ သူ၏ရှပ်အကျီအဖြူတွင်သွေးအကွက်လိုက်စွန်းထင်းနေ၏။

ကြားလိုက်ရသည့်စူးရှရှအသံလေးကြောင့်စက်ခနဲဆိုလိုလည်ပြန်လှည့်ကြည်ြချိန်တွင်...

" အာ့ !"

" မင်းကအရူးတယောက်လိုအသိစိတ်မရှိတဲ့ကောင်ပဲ !"

အရှိန်ပြင်းလွန်းသည့်Jimin၏ထိုးချက်ကြောင့် လည်ထွက်သွားသည့်မျက်လေးနှင့်အတူခန္ဓာကိုယ်လေးပါယိုင်နဲ့သွားသည့်။ပြန်၍လှည့်လာသည့်အခါမှာတော့ နှုတ်ခမ်းထောင့်မှသွေးစတချို့ကစီးကျနေပြီဖြစ်သည်။Jimin၏ခပ်စူးစူးအကြည့်တို့က ထိုလူသားအားရွံရှာမုန်းတီးသည့်အလားသရုပ်ဖော်နေ၏။

" ငါမရည်ရွယ်ပဲဖြစ်သွားတာကွ !"

" ဒီအခြေနေမှာတောင်မင်းအမှားကိုမင်းမမြင်နိုင်သေးဘူးလား စောက်ရူးရ ။ ထွက်သွားလိုက်တော့ Kim Taehyung ! Jungkookကို ဒီ့ထက်ပိုပြီးဒုက္ခမပေးပါနဲ့တော့ ငါပဲကြားကတောင်းပန်ပါရစေ "

ထပ်မံပြီဟိန်းထွက်လာသည့်Jimin၏အသံကြောင့် ဆေးကောင်တာမှနာစ့်မလေးတချို့၏ခန္ဓာကိုယ်လေးများတုန်တက်သွားရသည်။တယောက်တခွန်းအော်ဟစ်နေကြသည့်သူငယ်ချင်းနှစ်ယောက်မှာတော့ ရန်ငြိုးရှသည့်ရန်ဘက်တွေအလားရမ်စောင်နေကြ၏။

" မရဘူး ! သူကငါပိုင်တဲ့ငါ့ယောကျာ်း ။ မင်း၀င်ပါဖို့ငါခွင့်မပြုနိုင်ဘူး "

" အော် ! မင်းပိုင်တဲ့မင်းယောကျာ်းပေါ့ ။ မင်းချစ်သူရဲ့နှလုံးနဲ့အသက်နေတဲ့သူ့ကိုအများကြီးချစ်ပေးပြီးဂရုစိုတ်ပေးရမဲ့အစား ဒီလိုတွေလုပ်နေတာသူ့ကိုအမြန်သေခိုင်းနေတာနဲ့အတူတူပဲကွ ! မင်းတခါမှတောင်မတွေးဖူးဘူးတဲ့ Suicideကိုသူလုပ်ဖို့အတွက်ဘယ်နှကြိမ်တောင်စဉ်းစားခဲ့ရလဲမင်းသိလား ... ဟမ် !?

Kim Naeunရဲ့နှလုံးနဲ့အသက်ရှင်နေရတဲ့သူ့ဘ၀ကိုအပြစ်တင်ပြီး မင်းရဲ့ဖိနှိပ်တာကိုပါထပ်ခံနေခဲ့ရတာ ... သူဖြတ်သန်းခဲ့ရတဲ့နေရက်တွေကိုမင်းနားမလည်သေးဘူးဆိုရင် မင်းသူ့ကိုလွတ်လပ်ခွင့်ပေးလိုက်ပေါ့ ။ အဲ့ဒီ့အခါကျ သူပျော်နေတာမင်းမြင်ရရင် နောင်တမရကြေး "

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now